" ဟက် ကိုထွေး ထတော့ ရောက်နေပြီ "
" ဗျာ..ရောက်ပြီလား အမ ထပြီ ထပြီ "
" အေး ရောက်ပြီ ထတော့ "
ဒီလိုနဲ့ ကျွန်တော်လည်းကားပေါ်ကဆင်းပြီး ဈေးကိုစဝင်လိုက်တယ် အရင်ဆုံးရွာမှာရှားတဲ့ ဖုန်းဘေလ်ကိုအရင်ဝယ်ရတယ် နောက်ပြီးအိမ်ကမီးဖိုချောင်အတွက်လိုတာဝယ်ရမယ် ဆန် ဆီ ဆား ငရုတ် ကြက်သွန်တွေဝယ်ရမယ် ရွာကဆိုပေမဲ့ ငရုတ် ကြက်သွန်တွေမပေါပါဘူး ရွာမှာပေါတာဆိုလို့ နှမ်း ပဲ တွေသာအစိုက်များကြပါတယ် ပြီးတော့ ဆေးဝါး လည်းဝယ်ရမယ် ရွာနဲ့မြို့နဲ့ဆိုရင် ၃နာရီလောက်ဝေးပေမဲ့ ရွာမှာက တော်တော်များများမြို့ကလိုပစ္စည်းတွေမပေါဘူးဗျ ရှားတယ် ဖုန်းလိုင်းကလည်းမိတစ်ချက်မမိတစ်ချက်ပါ ခုတော့အရင်ဆုံး ဆန်ဝယ်မယ် ပြီးရင်ဆေးဝယ်မယ် ဆေးဝယ်ပြီးရင် ကုန်စုံဆိုင်ဝင်ပြီး လိုတာဝယ်ရမယ်
" အမ ကျွန်တော် ဆန်ဝယ်လိုက်အုန်းမယ် ပြီးရင် အမကိုဖုန်းဆက်လိုက်မယ် "
" အေး အေး ဖြေးဖြေးဝယ် "
ကျွန်တော်လည်း ကားဒရိုက်ဘာကိုခေါ်ပြီး ဆန် ဘက်လိုလာလိုက်တယ်
" ရွှေဘို ပေါ်ဆန်း ၃ အိတ်လောက် ယူမယ်နော် ဘယ်လောက်ကျလဲအမ ၂၄ ပြည်အိတ်ဘဲ "
" မောင်လေး အကုန်လုံးစုစုပေါင်း လေးသိန်းတစ်သောင်းကျတယ် မောင်လေး လေးသိန်းအတိဘဲပေးနော် မောင်လေးချောလို့လျော့ပေးလိုက်တယ်နော် "
" ကျေးဇူးပါ အမ "
ဒီလိုနဲ့ ဆန်း နဲ့ ဆေးဝါး ဝယ်ပြီးတော့ အမကိုဖုန်းဆက်လိုက်တယ်
" အမေ ဘယ်မှာလဲကျွန်တော် ဆန် နဲ့ဆေးတော့ဝယ်ပြီးပြီ ဒရိုက်ဘာကိုကားပေါ်ပြန်လွှတ်လိုက်ပြီ ကုန်စုံဆိုင် ဘက်သွားမလို့ "
" အေးအေးမောင်လေး အမလည်းမြောက်ဘက် အခြမ်းက ကုန်စုံဆိုင် ဘက်ရောက်နေတာ ဒီဆိုင်မှာစုံတယ် လာခဲ့လေ "
အမပြောတဲ့အတိုင်း လာလိုက်ပြီး ဟော တွေ့ပါပြီ လက်လှမ်းပြတော့ အမကိုမြင်ကြောင်းပြန်ပြလိုက်တယ်
" နင်လိုတာ ဝယ်ငါလည်းဝယ်လိုက်အုန်းမယ် "
ကျွန်တော်လည်းလိုတာတွေဝယ်ပြီးတော့ ပစ္စည်းထည့်တာကိုစောင့်နေစဉ် ဆိုင်ကဝန်ထမ်း ကောင်လေးတစ်ယောက်ကိုအမှတ်မထင်တွေ့လိုက်တယ် လှရက်လိုက်တာ ယောကျာ်းလေးတစ်ယောက်ဖြစ်ပြီးတော့ အဲ့လောက်လှဖို့လို လို့လား ဘုရာသခင်ရယ်
ဒါမဲ့ ပါးတစ်ဖက်မှာ အညိုမဲစွဲနေတဲ့ အရာကတော့မင်းလေးနဲ့မလိုက်ဖက်ဘူးကွာ ဘာလို့ရင်ဘက်ထဲက အကောင်က ဒုတ် ဒုတ် ဒုတ်နဲ့ အသက်၃၀ ကျော်မှ ရင်လာခုန်ရတယ်လို့ကွာ မကြားကောင်း နွားအိုမြက်နုကြိုက်ဖြစ်နေပြီ စိတ်ထိန်းစမ်း စိတ်ထိန်းစမ်း ပြောပြီးခေါင်းတစ်ချက်ခါလိုက်တယ်...........