အပိုင်း (၂၄)

1.7K 50 9
                                    


" ကောင်လေးဗိုက်ဆာနေပြီလား ပြန်ရအောင်လေ "

" ဟုတ် ကိုကိုကြီးအလုပ်တွေပြီးရင်ပြန်ကျမယ်လေ ပြန်ရောက်ရင်ဟင်းချက်ရအုန်းမယ် "

" ချက်မနေနဲ့တော့ နင်နဲ့သားငယ် ငါ့အိမ်ဘဲလိုက်စားတော့ "

" အဲ့ဒါလည်းကောင်းတာဘဲ မဟုတ်ရင် ကောင်လေး ပင်ပန်းနေလိမ့်မယ် "

" အမလေးတော် ချစ်တက်နေလိုက်တာ "

" ချစ်တက်တော့လည်း အရာရာ သူမှသူ ဘဲ "

" ကဲ စကားမများနဲ့တော့ ပြန်ရအောင်သားငယ်ဗိုက်ဆာနေလောက်ပြီ "

ကျွန်တော်လည်း ဆိုင်ကယ် ထုတ်လိုက်ပြီး ကောင်လေးကို လှမ်းခေါ်လိုက်တယ်......

" ကောင်လေး တက်တော့ သွားကြမယ် "

" ဟုတ် ကိုကိုကြီး "

ကျွန်တော် နဲ့ ကိုကိုကြီး ကဆိုင်ကယ်တစ်စီး ဒေါ်ဒေါ် ကဆိုင်ကယ်တစ်စီး နဲ့ ကျွန်တော်တို့ သုံးယောက် ရွာကိုပြန်လာခဲ့ကြတယ်...........

-----------------------------------------------------------
ကျွန်တော်တို့ရွာထဲရောက်တော့ ဒေါ်ဒေါ် အိမ်ကိုတစ်ခါတည်း ဝင်လိုက်တယ်........

" သားငယ်ရေ ခြေလက်တွေရေသွားဆေးပြီးရင်ထမင်းစားကြမယ် "

" ဟုတ် ဒေါ်ဒေါ် "

ကျွန်တော်လည်း ဒေါ်ဒေါ် ပြောတဲ့အတိုင်းခြေလက်ဆေးပြီး ထမင်းစားရန် ကူပြင်ပေးလိုက်တယ်......

" ကိုကိုကြီးထမင်းစားလို့ရပြီဗျ "

" ကိုယ်လာပြီကောင်လေး....... "

ကိုကိုကြီး နဲ့ ဒေါ်ဒေါ်လည်း ဝင်ထိုင်လိုက်ပြီး
ထမင်းစားလိုက်ကြတယ်......

" သားငယ်ထည့်စား အားမနာနဲ့ "

" ဟုတ် ဒေါ်ဒေါ် "

ကျွန်တော်တို့ ထမင်းစားနေချိန် အိမ်ရှေ့မှ ဒေါ်ဒေါ် ကိုခေါ်သံကြားလိုက်ရတယ်.......

" မဆန်းရေ မဆန်း......"

" ငါဒီမှာ ထမင်းစားခန်းထဲမှာ လာခဲ့လေ "

" အဲ့ဆိုဝင်လာပြီ မဆန်းရေ......"

" လာထိုင် ထမင်းဝင်စားသွားအုန်းတစ်ခါတည်း....... "

လက်ပံရွာသားထံသို့ (Completed)Where stories live. Discover now