အပိုင်း (၁၁)

2.2K 79 3
                                    

ကိုကိုကြီး နဲ့ ကျွန်တော်ထမင်းစားနေပေမဲ့ နှစ်ယောက်စလုံး မျက်နှာပူစွာဖြင့်ထမင်းဝိုင်းမှာတိတ်ဆိတ်စွာစားရင်ထမင်းစားခြင်းပြီးဆုံးခဲ့တယ်................

" ကိုယ် တီဗိခနကြည့်အုန်းမယ် ကောင်လေးရောကြည့်အုန်းမလား "

" ဟုတ် ကြည့်မယ်လေ ကိုကိုကြီး အရင်ကြည့်ထားနှင့်လေ ကျွန်တော် မနက်ကဝယ်ထားတဲ့အသီးတွေသွားခွဲလိုက်မယ် ကိုကိုကြီး တီဗီ ကြည့်ရင်းစားလို့ရအောင် "

" အင်းကောင်လေး "

ကိုကိုကြီး စားဖို့အသီးခွဲပြီး ကိုကိုကြီးအရှေ့က စားပွဲမှာ  ချလိုက်ပြီး ကိုကိုကြီး ဘေးမှာဝင်ထိုင်လိုက်တယ်..........

" ကောင်လေးလည်းစားလေ..... "

" ဟုတ်ကိုကိုကြီး ဒါနဲ့မေးစရာရှိလို့ "

" မေးလေ "

" ဒီရွာနာမည်ကဘာလဲဟင် "

" လက်ပံရွာတဲ့ "

" လက်ပံပင်တွေများလို့ လက်ပံရွာလို့ပေးထားတာလားဟင် "

" အင်း အဲ့လိုဘဲပြောရမှာပေါ့ ရွာရဲ့အနောက်ဘက်မှာ လက်ပံပင် အများကြီးရှိတယ် နောက်ကျကိုယ်လိုက်ပို့ပေးမယ် "

" ကိုကိုကြီး အားမှလိုက်ပို့ပေးပါ "

" ကောင်လေး မြို့ကိုမလွမ်းဘူးလား "

" ဟင့်အင် မြို့မှာနေရတာမပျော်ဘူး "

" အင်းပါကောင်လေးမှာရည်းစားကောရှိလား "

" မြို့မှာမပျော်ပါဘူးဆိုတည်းကရည်းစားမရှိလို့ပေါ့ ရှိရင် လွမ်းနာကျနေမှာပေါ့ ကိုကိုကြီး ရဲ့ "

" ဟုသားပဲ ကိုယ်မတွေးမိလိုက်ဘူးကောင်လေး တစ်ခုမေးမယ်နော်စိတ်မဆိုးနဲ့ ကောင်လေး "

" မေးလေ ကိုကိုကြီး "

" ခုနအခန်းထဲလာတုန်းက ဘာတွေ့လိုက်သေးလဲ "

" အကြီးကြီး "

" ဟင် "

" မဟုတ်ဘူး ယောင်လို့ ဘာမှမတွေ့ပါဘူး အတည်ပြောတာပါ "

" အဲ့ဆိုလည်း ပြီးတာဘဲ ကောင်လေး "

" ဟုတ်ကိုကိုကြီး "

လက်ပံရွာသားထံသို့ (Completed)Where stories live. Discover now