အပိုင်း (၂၃)

1.8K 59 11
                                    


" ဟဲ့ ခုနကလူပျိုကြီးမောင်ထွေးနဲ့ သူ့အိမ်ကကောင်လေးဖြတ်သွားတာ သူ့တို့ကြည့်ရတာမရိုးဘူးသိလား "

" ငါလဲ တွေးနေတာ ဘယ်နှဲ့အေ ယောကျာ်း လေးဖြစ်ပြီးတော့ အချင်းချင်း ကြိုက်နေကြတာမရှက်ဘူးလားမသိဘူး "

" အေးလေဟယ် လူပျိုကြီး ကလည်းသူရောက်လာမှအချိုးတွေပြောင်းနေတာ ပုံမှန်ဆိုနေမကောင်းတာတောင်အကြွေးလာတောင်နေကျ ဟိုတလောကအဲ့ကောင်လေး မြို့ပြန်သွားတော့ လိုက်ခေါ်တယ်ဆိုပြီးလာမတောင်းဘူးလေ အဲ့ဒါကြည့်ပါလား "

" အေးဟယ် ငါ့သားတွေလည်း လူပျိုကြီးနဲ့ ပတ်ပတ်သတ်သတ်မနေအောင်ပြောအုန်းမှ "

ခြံထဲထွက်ထိုင်နေတုန်း အိမ်ရှေ့ အဒေါ်ကြီး နှစ်ယောက်စကားကြောင့် ကျွန်မ အဲ့အဒေါ်ကြီး နှစ်ယောက်ကို စောက်မြင်ကပ်နေပြီ သူတို့ဘာသာနေ နေကျတဲ့ လူပျိုကြီးကို လာလာပြီးခလုပ်တိုက်နေတယ် မြို့ကကျောင်းတက်ပြီး ပြန်လာတာမကြာသေဘူးဆိုပြီး မပြောဘူးလုပ်နေတာ ဘာတဲ့ သူတို့သားနဲ့မပတ်သတ်အောင်ပြောအုန်းမှဆိုတော့ ဒေါသတွေထိန်းမရတော့ ဒါမျိုးတော့မရဘူး..........

" အိမ်ကအဒေါ်ကြီးနှစ်ယောက် ဘာကိစ္စကြောင့် သူများမကောင်းကြောင်းပြောနေတာလဲ နားထောင်ကောင်းတယ်များထင်နေလား "

" ညည်းနဲ့ဘာဆိုင်လဲ ကျုပ်တို့ဘာသာပြောတာ "

" ယောကျာ်းလေးချင်းကြိုက်တာက ရှက်စရာမဟုတ်ဘူး  အဒေါ်ကြီးတို့သူများမကောင်းကြောင်းလိုက်ပြောနေတာမှရှက်စရာ "

" ဘာ.....ညည်းဘာစကားပြောတာလဲ ယဉ်ကျေးမှုမရှိဘူးလား "

" မရှိနိုင်ဘူး ဒီလိုအတင်းပြောတာကရော ယဉ်ကျေးမှုလား ပြောသေးတာ ငါ့သားတွေနဲ့မပတ်သတ်အောင်ပြောမှတဲ့ သူ့သားကြည့်တော့ အရက်သမားကြက်သမားဖဲသမား
နောက်တစ်ယောက် ကြည့်တော့ ကလေကချေ လူပျိုကြီးက အီးတောင်လှည့်ပေါက်မှာမဟုတ်ဘူး ဦနှောက်နဲ့လည်းစဉ်းစားကြည့်အုန်း "

" အမလေး မိဘကမသွန်သင်ဘူးလားညည်းရဲ့ မိဘကိုက နှုတ်ကြမ်းနေတော့သမီးဖြစ်သူက ဒီလောက်စွာနေတာမဆန်းပါဘူး "

လက်ပံရွာသားထံသို့ (Completed)Donde viven las historias. Descúbrelo ahora