" ဒေါက် ဒေါက် ဒေါက် "
အဝတ်ထည့်နေရင်း တံခါးခေါက်သံကြောင့် ကျွန်တော် သွားဖွင့်လိုက်တယ်.......
" မင်းဘာလာလုပ်တာလဲ ယျောင့် မင်းကိုငါပိုက်ဆံပေးပြီးပြီလေ မင်းနဲ့ငါတို့နဲ့ဘာမှပတ်သတ်စရာအကြောင်းမရှိတော့ဘူးမလား "
" ဒေါသလျော့ပါ ငါအတွက် ပိုက်ဆံလိုတင်ထင်လို့လား ရော့ ဒီမှာမင်းပိုက်ဆံ ပြန်လွှဲထားတယ် ငါကတမင်ကောင်လေး ကိုခေါ်ချင်လို့ မပေးနိုင်တဲ့ကြေးပြောလိုက်တာ ပိုင်ရှင်ရှိနေတော့လည်း မထိရုံပေါ့ ငါသွားပြီး ဒါနဲ့ကောင်လေးကချစ်စရာလေးနော် ဟဲဟဲ "
" ဒီခွေး.... ဘယ်လိုကျက်သရေယုတ်တဲ့ကောင်လဲ "
" ကိုကိုကြီးရယ် တော်ပါတော့ ခင်ဗျားလည်းသွားတော့ ဒီလောက်ခေါင်းကိုလုပ်ထားတာလမ်းလျှောက်နိုင်တာ အံသြတယ် "
" ဒီလောက်တော့ အေးဆေးပါ သွားပြီး "
" ကိုကိုကြီး ရယ်တော်ပါတော့ ပြန်ကျရအောင်လေ "
" ကောင်လေးကြောင့်စိတ်လျော့လိုက်တာနော် လာပြန်ကျမယ် "
ကိုကိုကြီး နဲ့ကျွန်တော် ပြန်ဖို့အောက်ဆင်းလာတော့ မင်းမြတ် ကိုရှာတော့မတွေ့ချေ....ကားပေါ်တက်ခါနီးမှ.....
" နေလင်းဆက် နေလင်းဆက် "
ခေါ်သံကြောင့် လှည့်လိုက်တော့ မင်းမြတ် ဖြစ်နေတယ်.....
" မင်းမြတ် ငါမင်းကိုနှုတ်ဆက်မလို့ရှာသေးတယ် မတွေ့လို့ "
" ပြန်တော့မှာပေါ့ သူကဘယ်သူလဲ "
ကျွန်တော်ပြောဖို့ပြင်လိုက်ပေမဲ့ ကိုကိုကြီး ကကြားထဲကနေ.......
" သူ့ရဲ့ချစ်သူ မင်းကရောဘယ်သူလဲ "
" နေလင်းဆက်ရဲ့သူငယ်ချင်ပါ "
" ကိုကိုကြီး သူကခလေးကိုအစစအရာရာကူညီပေးထားတာ "
" ကျေးဇူးပါကောင်လေးကို အစစအရာရာ ကူညီပေးထားတဲ့အတွက်ပါ နောက်ကျမှ ကျေးဇူးလာဆပ်ပါမယ် ခုတော့ပြန်ရင်မှောင်မှာဆိုးလို့ ခွင့်ပြုပါအုန်း "
" ဟုတ်ကဲ့ဗျ ကျွန်တော့်သူငယ်ချင်းကို ဂရုစိုက်ပေးပါ "
" စိတ်ချပါ သေချာဂရုစိုက်ပေးမှာပါ "