အပိုင်း (၄)

2.9K 106 11
                                    


" ဟက် မိဝိုင်း ငါဒီမှာ "

" ဟုတ်ကဲ့ အမ "

မိဝိုင်းကိုလက်လှန်းပြရင် ပြောလိုက်တယ်

" အမဘာပြောမလို့လဲရှင့် ဟိုလေ အကြွေးကိစ္စဆိုရင်တော့ ညီမရှာနေပါတယ်အမ"

" အကြွေးကိစ္စ မဟုတ်ဘူး ဒီနေ့ငါနဲ့ငါ့မောင် မြို့ခနစျေးဝယ် တက်လာတာ နင့်ကိုပြောစရာရှိလိုခုခေါ်လိုက်တာ ငါတိုတိုဘဲပြောမယ် နင့်မှာတူရှိတယ်မလား မိဝိုင်း နင့်တူကို အလုပ်ခေါ်ချင်လို့ နင်လက်ခံရင် နင့်အကြွေးတွေအကုန်ငါလျောလိုက်မယ် ဘယ်လိုလဲစိတ်ဝင်စားလားမိဝိုင်း "

" ရှင်......ဟုတ်ကဲ့အမ အဲ့အကောင်အိမ်မှာလဲအသုံးဝင်တာမဟုတ်ဘူး ရတယ်အမခေါ်သွား အကြွေးတွေ လျောပေးတယ်ဆိုရင်ဖြင့် ဇူးတင်ပါတယ်အမရယ် အဲ့အကောင်ကိုကြိုက်သလိုခိုင်း အချိုးမပြေလည်းရိုက်လို့ရတယ် အမ မညှာနဲ့ ဒါနဲ့ အဲ့အကောင်ကိုဘာခိုင်း မလို့လဲ အမ "

" ငါ့မောင် အိမ်မှာအိမ်အကူ "
.
.
.
.
.
.
.
.
" ဟက်အကောင် ခုချက်ချင်း အိမ်ပြန် အထုတ်ပြင် "

မိဝိုင်းတစ်ယောက် သူ့တူနေလင်းဆက် အလုပ်နေရာဆီလာခေါ်ပြီး တစ်ခါတည်းအလုပ်ထုတ်ပစ်လိုက်တယ်

" ဗျာ ဒေါ်လေး ဘာလို့လဲ "

" နင့်ကို ငါ့အသိရဲ့ အိမ်မှာအိမ်အကူလုပ်ဖို့သွားရမယ် မသွားချင်လို့မရဘူး ခုချက်ချင်း အိမ်ပြန်အထုတ်ပြင် သူတို့နဲ့ရွာလိုက်သွားရမယ် နင့်မှာငြင်းပိုင်ခွင့်မရှိဘူး နေလင်းဆက် "

" ဟုတ်ကဲ့ "

ကျွန်တော်မသွားချင်ပါဘူး ကျွန်တော်မသိတဲ့နေရာ ကျွန်တော်မသိတဲ့အိမ် ကျွန်တော်မသိတဲ့လူ အိမ်ကိုမသွားခင်ပါ ဒါပေမဲ့ အဒေါ့်ထက်စာရင်ပိုကောင်းမယ်ထင်ပါတယ်

" ကျွန်တော် ပြီးပြီ ဒေါ်လေး "

" အိမ်ရှေ့မှာ ကားရောက်နေပြီ တစ်ခါတည်းလိုက်သွား ဟိုရောက်ရင် ငါ့မျက်နှာမဖျက်နဲ့ "

" ဟုတ်ကဲ့ "

ဒီလိုနဲ့ကားနောက်ခန်းထဲမြင်လိုက်ရတဲ့အချိန်မှာ ပထမဦးဆုံးသတိထားမိတာက ခပ်ဖြောင့်ဖြောင့် အသက်၃၀ ကျော်လူတစ်ဦး အဲ့လူရဲ့ဘေးမှာ အသက်၄၀ ကျော်လောက်ရှိမယ်ထင်တဲ့ အန်တီကြီးတစ်ယောက် နှစ်ယောက်လုံး ကြည့်ကောင်းလွန်လို့ငေးမိသည်ထိ......

လက်ပံရွာသားထံသို့ (Completed)Onde histórias criam vida. Descubra agora