အပိုင်း (၂၅)

1.7K 53 8
                                    

ကျွန်တော်တို့နှစ်ယောက် အိမ်ပြန်ရောက်တော့ ညနေစောင်းလို့နေပြီ ကောင်လေးကတော့ရေချိုးနေတယ် ကျွန်တော်လည်းလုပ်စရာရှိတဲ့စာရင်းတွေလုပ်နေတုန်း အိမ်ရှေ့ကခေါ်သံကြောင့် ထွက်လာခဲ့လိုက်တယ်.....

" ကိုထွေးရှင့် ကိုထွေး......"

" ဘယ်သူတုန်း "

" မလုံးတင် သမီးပါ ကိုထွေးက အိမ်လည်လာပါအုန်းဆိုလို့ပါ "

" အေးအေ လာလာညီမ.......ထိုင်အုန်းကွဲ့ "

ကိုထွေးပြောတဲ့ အတိုင်းကျွန်မလည်းဝင်ထိုင်လိုက်ပြီး ကိုထွေးအိမ်ကကောင်လေးကိုမျက်လုံးဖြင့် ရှာလိုက်တယ်.....

" ညီမ ဘာတွေရှာနေတာလဲ "

" ကိုထွေးကောင်လေးကို..အယ်...ဟုတ်ပါဘူး
အိမ်ကလှလို့ကြည့်နေတာပါ "

" အေးပါ အကိုမေးအုန်းမယ် "

" ဟုတ်မေးပါ "

" အကို့တို့ကြောင့်မနက်ကရန်ဖြစ်ရတယ်ဆို "

" ဟဲဟဲ အဒါကဒီလိုပါ အဲ့မိန်းမနှစ်ယောက်က သူများမကောင်းကြောင်းပြောနေကြလို့ပါ "

" အင်းပါ လူတွေကအဲ့လိုပါဘဲ နောက်ကျရန်မဖြစ်နဲ့ ကိုယ်ဘဲထိခိုက်နေမယ် "

" ဟုတ်ကဲ့ ဒါနဲ့လေ ကိုထွေးနဲ့ အဲ့ကောင်လေးနဲ့ကကြိုက်နေပြီလား "

"မရှက်တမ်းပြောရရင် အကို့ဘက်ကသာကြိုက်နေတာပါဖွင့်ပြောထားတယ်ဆိုပေမဲ့ သူ့ဘက်ကတုတ်တုတ်တောင်မလှုပ်သေးပါဘူး "

" ညီမကူညီပေးမယ် ကောင်လေးပြန်ကြိုက်လာအောင် "

" တကယ်လား ရပ့မလား "

" ညီမကိုယုံလိုက်ပါ အဖြေရရင်တစ်ဝိုင်းကျွေးနော် "

" တစ်ဝိုင်းမဟုတ်ဘူး စိတ်ကြိုက်စား "

ကျွန်တော်ရေချိုးပြီးထွက်လာတော့ ကိုကိုကြီး နဲ့ကောင်မလေးတစ်ယောက် စကားပြောနေတာကြည့်လိုက်တယ် ပြုံးလို့ရွှင်လို့ပါလား ကျွန်တော်လည်းအခန်းထဲဝင်ပြီး အဝတ်စားအမြန်လဲပြီးထွက်လိုက်တယ်........

" အဲ့ဆိုညီမပြန်တော့မယ်နော် မှောင်တော့မယ်ဆိုတော့ "

" အေးအေ ဂရုစိုက်ပြန်ဦး "

လက်ပံရွာသားထံသို့ (Completed)Donde viven las historias. Descúbrelo ahora