" မောင်ထွေး မင်းအမကိုဖုန်းဆက်ထားပြီးပြီခနနေရောက်လာလိမ့်မယ် မင်းလက်ကသွေးထွက်နေတယ် ဆေးထည့်ပေးမယ် "ကျွန်တော်လက်ကိုတစ်ချက်ကြည့်ပြီး ဆေးထည့်ပေးမဲ့ အုပ်ကြီးကို သေချာကြည့်လိုက်ပြီး
" မလိုဘူး ထားလိုက် "
ထိုအချိန်မတင်လှတို့သားအမိရောက်လာပြီး
အုပ်ကြီးရုံးခန်း၌ဆူသံတော့တယ်..........." ကျုပ်ကတော့မကျေနပ်နိုင်ဘူးအေ ပိုက်ဆံလေးတစ်ပဲခြောက်ပြားကိုဖြစ်နေတာ ဒီကိစ္စအုပ်ကြီး ရှင်းပေး "
" ဟက် မတင်လှ ဒါညည်းလင်အိမ်မဟုတ်ဘူး အော်ကျယ်အော်ကျယ်မလုပ်နဲ့ ..........
မောင်ထွေး မင်းဆီကသူယူတာဘယ်လောက်လဲ "" အတိုးနဲ့အရင်းဆို သိန်းနှစ်ဆယ်ကျော်တယ် အဲ့ဒါကိုလျော်ကြေးအဖြစ်သတ်မှတ်လိုက် ကျွန်တော့်ဆီကတစ်ပြားမှထပ်မပေးနိုင်ဘူး "
" မတင်လှ ညည်းပြောတော့တစ်ပဲခြောက်ပြားဆို ဘယ်မှာတုန်းခု သိန်းနှစ်ဆယ်တဲ့ လျော်ကြေးအဖြစ်မှတ်လိုက် ကျေးနပ်လား "
" နည်းနည်းလေးမှ မကျေနပ်ဘူးရှင် လျော်ကြေးထပ်ပေးမှကျေနပ်နိုင်မယ် "
" ဘာ ခင်ဗျားလွန်မလာနဲ့ ထပ်တော့မပေးနိုင်ဘူး ကျူပ်ဟာဘဲရမယ် "
" ဘာ မင်းမိုက်ရိုင်းလှကြီးလား မင်းကိုထောင်ထဲပို့မှကျေနပ်တော့မယ် အုပ်ကြီး "
" မောင်ထွေးအေးဆေးထိုင် အုပ်ကြီးရှင်းပေးမယ် "
" ဒီမယ် မတင်လှ ခင်ဗျာဆိုင်းအလွန်ဆုံးရှိ ဆယ်သိန်းကျော်ကျော်ပေါ့ ခင်ဗျာမကျေနပ်ရင် မြို့ကိုသာသွားတိုင်း အကယ်၍ ခင်ဗျာဘက်ကလွန်ရင် ထောင်လည်းကျမယ် ပိုက်ဆံလည်းကုန်မယ် ခင်ဗျာ သေချာစဉ်းစား "
အုပ်ကြီးတို့အခြေ ခြေဖြစ်နေတုန်း အုပ်ကြီးရုံးခန်းထဲ မိန်းမတစ်ယောက်နဲ့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ဝင်လာပြီး အုပ်ကြီး စာပွဲပေါ် ပိုက်ဆံအထပ်လိုက်ထည့်ထားသော
အိတ် ဘုန်းကနဲ မြည်အောင်ချလိုက်တယ်" ဒီမယ် အုပ်ကြီး ရှင်းလို့မပြီးသေးဘူးလား
ဟိုဘက်ကမကျေနပ်နိုင်ဘူးလား "