မြို့မှာဆို မနက်မိုးမလင်းခင်ထဲကထနေကျဆိုတော့မျက်လုံး ကအလိုလိုပွင့်လာခဲ့တယ်
အိပ်ထဲကထပြီး မျက်နှာသစ်လိုက်တယ် မီးဖိုချောင် ထဲဝင်လိုက်ပြီး သန့်ရှင်းရေးလုပ်လိုက်ပြီး ကိုကိုကြီး မနက်စာစားဖို့အတွက် ကြက်ဥကြော်လိုက်တယ် နောက်ပြီး ထမင်းအိုးပါတစ်ခါထဲ တည်လိုက်တယ်
အားလုံးပြီးတော့ကိုကိုကြီးနိုးလာခဲ့တယ်" နိုးပြီးလား ကိုကိုကြီး ကျွန်တော်မနက်စာ စားဖို့ ကြက်ဥကြော်ပြင်ထားတယ် "
" အေး ငါလည်း ညကြက်ဥ မနက်ကြက်ဥနဲ့ ကြက်ဥရုပ်ပေါက်တော့မယ် "
" ဟို အိမ်မှာ ကြက်ဥဘဲရှိလိုပါကိုကိုကြီး "
" ထားတော့ ပြင်ထားလိုက် မျက်နှာသစ်ပြီးရင်လာခဲ့မယ် "
" ဟုတ်ကဲ့ကိုကိုကြီး "
ကောင်လေး ကိုပြောပြီး နောက်ဖေးရေကန်ဆီထွက်လာခဲ့လိုက်တယ် မျက်နှာသစ်ရင်းနဲ့
ကောင်လေး အတွက်အခန်းပြင်ပေးဖို့သတိရမိတယ် လောလောဆယ်တော့ ငါ့အခန်းမှာလည်း အဆင်ပြေပါတယ်လေ.................
ဒီလိုနဲ့မျက်နှာသစ်ပြီး ထမင်းစားစာပွဲမှာဝင်ထိုင်လိုက်တယ်." မင်းရောတစ်ခါတည်း ဝင်စား နောက်ကျရင် မနက်စားတာဘဲဖြစ်ဖြစ် နေ့လည်စာ ညစာစားတာဘဲဖြစ်ဖြစ် ဝင်စား ကြားလား"
" ဟုတ်ကဲ့ ကိုကိုကြီး "
" ခနနေ အမမဆန်းလာခေါ်လိမ့်မယ် ဈေးလိုက်သွား အိမ်မှာလိုတာတွေဝယ်ခဲ့ အပိုတွေမသုံးနဲ့ ငါလည်းခနနေရင် ဟိုဘက်ရွာသွားမှာ
ဟင်းကိုလည်း အခြားဟင်းပါပိုဝယ်ခဲ့ ဈေးကိုနှစ်ရက်စာဝယ်ခဲ့ မနက်ဖြန်ဈေးမသွားနဲ့
နောက်ပြီး မီးခိုချောင်းထဲမှာရေခဲသေတ္တာရှိတယ် မသုံးတာတော့ကြာပြီး အသစ်ဘဲရှိသေးတယ် ဖုန်သုတ်ပြီး အသီးပါဝယ်ပြီးထည့်ထား ညကျရင် စားလို့ရတယ် ကြားလား "" ဟုတ်ကဲ့ ကြားပါတယ်ကိုကိုကြီး "
ဒီလိုနဲ့ကိုကိုကြီးလည်းထမင်း ဆက်စားနေပြီးဘာစကားမှဆိုမလာခဲ့ပါ...............
" ဟိုမှာ မင်းဒေါ်ဒေါ် လာနေပြီ သွားတော့ ငါပြောတာ သေချာမှတ်ပြီးဝယ်ခဲ့ အပိုတွေမသုံးနဲ့ "