အပိုင်း (၅)

2.9K 103 2
                                    

ဒီလိုနဲ့ ကျွန်တော်တို့ ညနေစောင်းခါနီးပြန်ရောက်ခဲ့တယ် ဘေးကကောင်လေးကတော့
လမ်းတစ်ဝက်ရောက်တည်းက အိပ်ပျော်နေပြီး ခုရောက်တာတောင်မသိသေး

" ဟိတ်ကောင်လေး ထတော့ရောက်နေပြီ "

ရုတ်တရက် နားထဲဝင်လာတဲ့အသံကြောင့်ကျွန်တော်နိုးလာခဲ့တယ် .....

" ဗျာ ရောက်ပြီလားဗျ "

" အေးရောက်ပြီ ဆင်းတော့ မင်းအထုတ်တွေသယ်ပြီး အိမ်ထဲမှာ သွားထား ပြီးရင် အမြန်ပြန်လာပြီး မနက်ကဈေးကဝယ်ခဲ့တဲ့ဟာတွေကူချ "

" ဟုတ်ကဲ့ ကိုကိုကြီး "

ကျွန်တော်လည်း ကိုကိုကြီး ပြောတဲ့အတိုင်း အိမ်ထဲအမြင်ဝင်ပြီး တံခါးအပေါက်ဝနားမှာတင် အထုတ်မြန်မြန်ချပြီး ဈေးကဝယ်လာတဲ့အထုတ်တွေကူချလိုက်တယ်.......

" ကောင်လေး ပစ္စည်းတွေချပြီးပြီဆိုတော့မင်းအဝတ်ထုတ်ယူခဲ့ လောလောဆယ်တော့မင်းအတွက်အခန်းမပြင်ရသေးဘူး ငါ့အိပ်ယာဘေးမှာ နေရာတစ်ခုလုပ်ပေးမယ် အဆင်ပြေလား "

" ဟုတ်ကဲ့ အဆင်ပြေပါတယ် ကိုကိုကြီး "

" ခနနားပြီးရေချိုးတော့ ငါရွာထဲအကြွေးသွားတောင်းလိုက်အုန်းမယ် "

" ဟုတ်ကဲ့ ကိုကိုကြီး "

ဒီလိုနဲ့ ကျွန်တော်ရွာထဲအကြွေးတောင်းထွက်လာခဲ့တယ်...........

ကိုကိုကြီးထွက်သွားတော့ ကျွန်တော်ရေမချိုးခင်မီးဖိုချောင်ထဲအရင်ဝင်ကြည့်တော့ ရှုပ်ပွနေသောမီးဖိုချောင်က ကျွန်တော့်ကိုကြိုဆိုနေလျက် မီးဖိုချောင်သန့်ရှင်းရေးလုပ်ပြီး
ညစာအတွက်ဟင်းချက်ဖို့လိုက်ရှာတော့ ကြက်ဥနဲ့ ဘူးသီး တွေ့တာနဲ့ ကြက်ဥကြော်ပြီး ဘူးသီး ဟင်းချိုနဲ့ ငပိထောင်း လိုက်တယ်
ဟင်းချက်ပြီး အိမ်သန့်ရှင်းရေးအနည်းငယ်လုပ်ပြီး ရေချိုးဖို့ပြင်လိုက်တယ်

ကျွန်တော်အကြွေးတောင်းပြီး အိမ်ပြန်လာတော့ ၅နာရီထိုးနေပြီး.......

" ကိုကိုကြီး ပြန်လာပြီလား ကိုကိုကြီး အတွက် ရေ "

အိမ်ထဲစဝင်ဝင်ချင်း ကောင်လေးကရေခပ်တိုက်တာကြောင့် ကျွန်တော် ယူပြီးတကျိုက်တည်းသောက်လိုက်တယ်
အော်........အိမ်မှာ ကိုယ်ပြန်အလာကိုစောင့်နေပြီး ရေခပ်တိုက်တာ သောက်ရတဲ့ခံစားချက်မျိုးက ဒါမျိုးလား....

လက်ပံရွာသားထံသို့ (Completed)Donde viven las historias. Descúbrelo ahora