ကျွန်တော်လည်းပြင်ဆင်ပြီး အကြွေးတောင်းဖို့ဟိုဘက်ရွာကို လွယ်အိတ်တစ်လုံးနဲ့ ဆိုင်ကယ်မောင်းပြီးထွက်လာခဲ့လိုက်တယ်........
ဟိုဘက်ရွာရောက်ဖို့အတွက် တောင်နှစ်လုံးကြားထဲက တောငယ်လေးကိုဖြတ်သွားရတယ်.......
လမ်းသွားတဲ့တစ်လျှောက် ခြံဘက်တွေထဲမှာကိုယ်စီ ကိုယ္စီ အလုပ်လုပ်နေကြတယ် တောတလျောက်စိမ်းစိုပြီးသာယာလျက်.................
ဒီလိုနဲ့ ရွာထိပ်ကိုမြင်နေရပြီ အကြွေးတောင်းရမဲ့အိမ်ကိုတန်းသွားလိုက်တယ်......" ဗျို့ မတင်လှ....... မတင်လှ "
" ဟေ့ အိမ်ရှေ့မှာအော်ကျယ်အော်ကျယ်နဲ့ ဘယ်သူလဲဟေ့ "
" ကျွန်တော် မောင်ထွေးဗျ အကြွေးလာတောင်းတာ ကျွန်တော်ဆီလာမပေးတာကြာနေပြီမလို့ "
" ဟက် လာမပေးတာမရှိလို့ပေါ့ဟဲ "
" ဘာ အရင်းလာမပေးရင်အတိုး တော့လာပေးပေါ့ ဘယ်နှဲ့ ယူတုန်းကယူပြီး လာတောင်းတော့ပြန်မပေးချင်လို့မရဘူးလေ "
" အမယ်အမယ် ယောကျာ်းကြီးတန်မဲ့ ရန်ထောင်နေတာ များကြားလို့မှကောင်းကြသေးရဲ့လား "
" ဟ ကျုပ် ပိုက်ဆံ ကျုပ်ပြန်တောင်းတာ ဘာမှားလို့လဲ ခင်ဗျားသာယူပြီးပြန်မပေးချင်တာ
ရှက်ချင်းရှက်ခင်ဗျားသာရှက်ရမှာ ပေးကျုပ်ပိုက်ဆံ အတိုးကောအရင်းရော "" မပေးနိုင်ဘူးတော့ ကြိုက်တဲ့နေရာသွားတိုင်"
" အေး မပေးနဲ့ ကျုပ် အကြောင်းသိမယ် "
" အေးငါလည်းသိချင်နေတာကြာပြီး လုပ်လိုက်စမ်းပါ "
ဆိုင်ကယ်အမြန်မောင်းပြီး ရွာထဲကိုဆက်ပြီးဝင်လာခဲ့လိုက်တယ် ကျုပ်အကြောင်းသိမယ်
ဟိုတေလာက ခင်ဗျာသမီးကို ထမင်းဆိုင်ဖွင့်ပေးထားတာလို့ကြားတယ် တွေ့မယ် မောင်ထွေးတဲ့ တစ်ထွေးတည်းရှိတယ် နှစ်ထွေးရှိရင် ဖြတ်ရောင်းပစ်မယ်
ထမင်းဆိုင်ရှေ့ရောက်တော့မနက်စောသေးတယ်ဆိုတော့ ဝယ်သူတော့မရှိ............
ဆိုင်ကယ်ရပ်လိုက်ပြီး မ်က္စိထဲမွာ တန်းမြင်လိုက်တဲ့ တုတ်ကိုယူပြီ ဆိုင်ထဲမှာရှိသမျှ ပန်းကန်တွေ ခွက်တွေ စာပွဲခုံတွေ ဟင်းခွက်တွေ ထမင်းခွက်တွေကို အားရပါးရ ကိုရိုက်ချလိုက်တယ်.........