ဒေါ်ဒေါ် အိမ်ကနေထမင်းစားပြီးတော့ အချိန်ကိုကြည့်လိုက်တော့ မှောင်စပြုလေပြီ......." သားငယ်ရယ်နောက်အဲ့လို ထွက်မသွားနဲ့နော် ဒေါ်ဒေါ်စိတ်ပူလို့ပါ "
" ဟုတ်ကဲ့ပါ ဒေါ်ဒေါ် ဒါနဲ့ကျွန်တော်မေးစရာရှိလို့မေးလို့ရလား ဒေါ်ဒေါ်... "
" ရပ့ရှင် ဘာမေးမလို့တုန်းမေးမေး "
" ဟိုလေ ကျွန်တော်ဒေါ်လေး အိမ်ရောင်လိုက်တာသိလားဟင် "
သားငယ်ရဲ့မေးခွန်းကို ကျွန်မဘယ်လိုဖြေရမလဲ သူ့ဒေါ်လေး ရောင်းလိုက်တာကျွန်မသိပါတယ် ကျွန်မလည်း ရောင်းပြီးမှ သိတော့ ဘာမှမတက်နိုင်ဘူးရှင် ငွေရေးကြေးရေးအဆင်မပြေရင် ကျွန်မကိုပြောရင်ကျွန်မဖြေရှင်းပေးလို့ရပါတယ် ခုကရောင်းပြီးတော့အဆက်သွယ်လည်းမရ.....နင်မလို့လုပ်ရက်တယ်မိဝိုင်းရယ်.......
" ဒေါ်ဒေါ် သိပါတယ် သားငယ်သိရင် စိတ်မကောင်းဖြစ်မှာစိုးလို့မပြောတာပါ ဒေါ်ဒေါ် လည်းရောင်းပြီးမှ သိတော့ဘာမှမတက်နိုင်ဘူးကွယ် "
" ရပါတယ် ဒေါ်ဒေါ် "
ကောင်လေးရဲ့ ညိုးငယ်သွားတဲ့မျက်နှာ ကြောင့် ကျွန်တော်လည်းဝင်ပြီးစကားဖြတ်လိုက်တယ်.......
" ကောင်လေးပြန်ကျမယ်လေ မှောင်နေပြီ "
" ဟုတ်ကိုကိုကြီး "
" အမပြန်လိုက်အုန်းမယ် မှောင်နေပြီဆိုတော့ "
" အေးအေ ဂရုစိုက်ပြန်အုန်းနော် အိမ်ကဆိုင်ကယ်ယူသွားအုန်းမလား "
" မယူတော့ဘူး ဒီနားလေးတင်ကို "
" အေးအေ သားငယ်ဂရုစိုက်ပြန်နော် "
" ဟုတ်ဒေါ်ဒေါ် ပြန်လိုက်ပါအုန်းမယ်ဗျ "
" အေးအေ "
ဒေါ်ဒေါ် အိမ်ကလမ်းလျှောက်ပြန်နေရင်း ကိုကိုကြီး ဘက်စကားဆိုလာခဲ့တယ်.....
" ကောင်လေးကိုကိုယ်တောင်းပန်ပါတယ် "
" ဘာကိုလဲ ကိုကိုကြီး "
" ဟိုနေ့ညကျ ကိုယ်ကောင်လေးအပေါ်မှာမှားခဲ့တာအတွက်ရော ဟိုမိန်းမ ကောင်လေး ကိုရိုက်ခဲ့တာအတွက်ကြောင့်ပါ "
![](https://img.wattpad.com/cover/358642556-288-k113928.jpg)