အပိုင်း (၂၇)

1.5K 49 7
                                    


ကျွန်တော်ပြန်လာတော့ ညနေစောင်းနေပြီး ဒါမဲ့ အိမ်မှာကောင်လေးမရှိ တရွာလုံးပတ်ရှာသော်လည်းမတွေ့ နောက်ဆုံး ခလေးတစ်ယောက်ကိုမေးကြည့်လိုက်တော့ထန်းတောထဲမှာဆိုတာသိလိုက်ရတယ်.....

" သားချစ် မင်းမလုံးတင်သမီးနဲ့ငါအိမ်ကကောင်လေးကိုတွေ့မိသေးလား "

" ဟုတ် တွေ့မိတယ် ရွာပြင်ကထန်းတောထဲမှာ "

" အေးအေ သားချစ်ကျေးဇူးဘဲကွာ "

ကျွန်တော်လည်း ဆိုင်ကယ်သော့ကိုဆွဲပြီး ရွာပြင်က ထန်းတောကိုလိုက်သွားလိုက်တယ်....

ကျွန်တော်ရောက်တော့မြင်လိုက်ရပါပြီး ရှေ့မှာ လူမသိအောင်မူးနေတဲ့အမူးသမားလေးနဲ့
မြရင်.......

" နေလင်းဆက်...... နေလင်းဆက်  "

" ဟိုကိုထွေး ညီမအမှားပါ ညီမခေါ်လာမိလိုက်တာပါ ဒီလောက်မသောက်နိုင်ဘူးထင်လို့ပါ.... "

" ရတယ် ရတယ်ညီမ  ကဓိကလူကိုဘဲအပြစ်ပေးရမှာ....... "

" အရမ်းကြီး အပြစ်မပေးပါနဲ့ ကောင်လေးကငယ်သေးတော့ စူးစမ်းချင်စိတ်ရှိတာပါ ပြီးတော့ ညီမအစ်မေးကြည့်လိုက်တာ သူက ကိုထွေးကိုချစ်ပါတယ်တဲ့ ဒါမဲ့ ပတ်ဝန်းကျင်ကပြောခံရမှာစိုးလို့ တမင်အဖြေပြန်မပေးတာတဲ့ "

" ကျေးဇူးပါ ညီမ ခုတော့ အမူးသမားကိုအိမ်ပြန်ခေါ်သွားအုန်း ညီမအိမ်ကလည်း ဟိုမှာလာခေါ်နေပြီ "

" ဟုတ် ကိုထွေး ညီမသွားလိုက်အုန်းမယ် မနက်ဖြန်မှလာခဲ့အုန်းမယ် မောင်လေးအမပြန်ပြီနော် "

" ပြန်သေးနဲ့အုန်းလေ ထပ်သောက်ကျမယ်လေ နော် အေ့ "

" ဘာကိုထပ်သောက်မှာလဲ လူကဖြင့်ခေါင်းမမော့နိုင်တော့ဘဲနဲ့ ကိုယ်ကတော့ အနေအေးတယ်ပေါ့  သူကတော့ ကုတ်ကမြင်း "

" ဘယ်သူများလဲလို့ အေ့ ငါ့ရဲ့ချစ်လှစွာသော ကိုကိုကြီး ဘဲ အေ့ "

ကျွန်တော်လည်းကောင်လေးကို စကားပြန်မပြောတော့ဘဲ ကောင်လေးကို ကုန်ပိုးလိုက်ပြီးဆိုင်ကယ်ဆီခေါ်သွားလိုက်တယ်.........

" ကဲဆိုင်ကယ်ပေါ်တက် သေချာတက်ပြီး ကိုယ့်ခါးကိုဖက်ထားပြုတ်ကျမယ်နော် "

လက်ပံရွာသားထံသို့ (Completed)Donde viven las historias. Descúbrelo ahora