ကျွန်တော့်ရဲ့ ပုံမှန်တစ်နေ့တာအတိုင်း နိုးထလာပေမဲ့ ကောင်လေးမရှိဘူးဆိုတဲ့ အသိကြောင့် စိတ်ထဲမှာတစ်ခုခုလိုနေဆဲ........
ဒါမဲ့ ကောင်လေးကိုလိုက်ရှာရအုန်းမယ်လေ
သေချာပုန်းထားပါကောင်လေး တွေ့တာနဲ့ ကောင်လေးကို သေချာသိမ်းထားတော့မှာမလို့ ဒီလူ့ရဲ့လက်ကနေ့လွတ်အောင်ပုန်းထားပါ
ကျွန်တော်လည်း တွေးလက်စအတွေးကိုရပ်ပြီး အိပ်ယာထလိုက် မျက်နှာသစ်လိုက်ပြီး
ကောင်လေးကိုရှာရန်စောစော ဟိုတယ် ကနေထွက်လာခဲ့လိုက်တယ်..................-----------------------------------------------------------
" အားလုံပြီးပြီလား နေလင်းဆက် ပြီးရင်သွားကျမယ် သိပ်မဝေးဘူး လမ်းဘဲလျှောက်သွားကျမယ် ပုံမှန်ဆိုရင်ငါလည်းလမ်းဘဲလျှောက်သွားနေကျ "
" ရပါတယ် သွားကျမယ်လေ ငါလည်းပြီးပြီ "
" နေလင်းဆက် မင်းကြည့်ရတာနေရောကောင်းလား "
" ကောင်းပါတယ် သွားကျမယ်နောက်ကျနေမယ် "
ဒီလိုနဲ့ ကျွန်တော် နဲ့ မင်းမြတ် ဟိုတယ် ကိုထွက်လာခဲ့ကျတယ်.......
" လူကြီး ကျွန်တော် တို့ရောက်ပြီ "
" အင်းခလေး ဒီကောင်လေးလား အလုပ်လုပ်မဲ့သူက နာမည်က "
" နေလင်းဆက် ပါဗျ "
" ဟုတ်ပြီး လောလောဆယ်တော့သန့်ရှင်းရေးဘဲ လုပ်ရမယ် နောက်ပိုင်းကျကြည့်ပြီးစီစဉ်ပေးမယ် ရတယ်မလား"
" ဟုတ်ရပါတယ် ခင်ဗျ "
" ခလေး ဒီကောင်လေး ကိုလုပ်ရမဲ့အလုပ်လိုက်ပြပေးလိုက်အုန်း "
မင်းမြတ်ကလုပ်ရမဲ့အလုပ်လိုက်ပြပြီး ပထမဆုံးအခန်းကို မင်းမြတ်နဲ့အတူတူ လုပ်ရတယ်
" နောက်ပိုင်း ကျရင် မင်းတစ်ယောက်ထဲလုပ်ရမှာ ခုကပထမဆုံးနေ့မလို့ငါကူလုပ်ပေးတာ "
" ကျေးဇူးပါကွာ "
" မနေ့က မင်းရှိလိုစောစောပြန်လာတာ အလုပ်ချိန်က၉နာရီထိလေ "
" အင်းပါ နောက်အခန်းတွေကိုငါတစ်ယောက်ထဲလုပ်လို့အဆင်ပြေပါတယ် မင်းလည်း တခြားလုပ်စရာရှိရင်သွားလုပ်လေ "
![](https://img.wattpad.com/cover/358642556-288-k113928.jpg)