" ကိုကိုကြီး ထမင်းပြီးစားပြီးပြီဆိုတော့ အကိုက်ခဲပျောက်ဆေးလေးသောက်လိုက်ပါလား ပြီးရင်ခနအိပ်လိုက်မလား "" အင်း ဆေးပေးလေ ကိုယ်သောက်လိုက်မယ် "
ကိုကိုကြီးကိုဆေး နဲ့ ရေ သွားယူပြီးပေး လိုက်တယ်
" ကိုကိုကြီး ဆေးသောက်ပြီးပြီဆိုတော့ ခနအိပ်လိုက်မလား "
" အင်း ကိုယ်အိပ်လိုက်မယ်လေ ဒါမဲ့ ကောင်လေးရော ကိုယ့်ဘေးနားမှာလာအိပ်လေ တနေ့ကုန် ပင်ပန်းထားတယ်မလား "
" ရပါတယ် ကိုကိုကြီး အိမ်မှာလုပ်စရာရှိတာလေးလုပ်လိုက်ပါမယ် "
" မလုပ်နဲ့ လာအိပ်ဆိုလာအိပ်ပေါ့ ကိုယ်ဒေါသမထွက်ချင်ဘူးနော် ကောင်လေး "
ကျွန်တော်လည်း ကိုကိုကြီးဒေါသကိုကြောက်တာကြောင့် ကိုကိုကြီး အိပ်ယာအောက်မှာ ဖျာခင်းနေတုန်း......
" ဘာလုပ်နေတာလဲကောင်လေး "
" အိပ်မလို့ဖျား ခင်းနေတာကိုကိုကြီး "
" မခင်းနဲ့ ဘေးကိုလာအိပ် "
" ဗျာ "
" မဗျာနဲ့ ခုဘေးကိုလာခဲ့ "
" ဟုတ် ဟုတ် လာပြီ "
ကျွန်တော်လည်းကိုကိုကြီး ဘေးကိုဝင်လှဲလိုက်ပြီးငြိမ်ငြိမ်လေးနေပြီး မျက်နှာ တည့်တည့်က မျက်နှာကျက်ကို ကြည့်ရင်နဲ့ အိပ်ပျော်သွားတယ်..........
ဘေးကကောင်းလေးကတော့ ဘေးကိုဝင်လှဲထဲက ကျောက်ရုပ်ကြီးလို့လဲ တောင့်တောင့်ကြီး ငြိမ်နေပြီး မျက်နှာတည့်တည့်က အိမ်မျက်နှာကျက်ကိုကြည့်ပြီး အိပ်ပျော်သွားရှာပြီ ကိုယ်ကတော့ ခုန်နေတဲ့ နှလုံးခုန်သံကြောင့်အိပ်မပျော်နိုင်သေး ကောင်လေးဘက်ကိုလှည့်ပြီး ကျွန်တော် ကောင်လေးအိပ် မအိပ် ဆန်းစစ်ကြည့်လိုက်တယ် အိပ်ပြီဆိုတာသေချာမှ နှဖူးကိုဖွဖွလေး နမ်းလိုက်တယ်
ကောင်လေးရယ် ချစ်မြတ်နိုးရပါ၏.......
ကောင်လေးကိုကြည့်လျက် ကျွန်တော် လည်းအိပ်စက်ခြင်းဆီသို့..............အိပ်ယာကကျွန်တော်နာရီကြည့်လိုက်တော့
၃နာရီခွဲတော့မယ် ဘေးကကိုကိုကြီးကိုနှိုးဖို့
ပြင်လိုက်စဉ် ကိုကိုကြီး ရဲ့မျက်နှာကိုသေချကြည့်မိလိုက်တယ်.......
ဒီလိုကျတော့ ကိုကိုကြီး ကခန့်သားဘဲ ကိုကိုကြီးကိုရမဲ့မိန်းမကတော့ကံကောင်းမှာဘဲနော်
တွေးနေတဲ့ အတွေးတွေကိုခနရပ်ပြီး ကိုကိုကြီး ကိုနှိုးလိုက်တယ်...........