အပိုင်း (၁၇)

2.7K 101 15
                                        


ကျွန်တော် အိပ်ယာကနေနိုးလားတော့ ဘေးမှာကောင်လေးမရှိတော့.........မနေ့ညကကျွန်တော် ကောင်လေးအပေါ်မှာ မကောင်းတာလုပ်တာကိုမှတ်မိပါတယ် ကောင်လေးငိုယိုပြီးတောင်းပန်ပေမဲ့ ကိုယ်ကောင်လေးကိုငဲ့မကြည့်ခဲ့ဘူး ကိုယ်အတ္တကြီးသွားတယ် တောင်းပန်ပါတယ် ကောင်လေး မင်းကိုဘဲ ကိုယ့်ဘဝလက်တွဲဖောက်အဖြစ်ရွေးချယ်မှာပါ.......
ကျွန်တော်လည်း အိပ်ယာကနေကုန်းထပြီး
ကောင်လေးကိုလိုက်ရှာမိတယ်.....

" ကောင်လေး.......ကောင်လေးရေ.....ကောင်လေး "

ကျွန်တော့် ဘက်ကနေ အော်ခေါ်နေပေမဲ့ ကောင်လေးအသံမကြားရ နေရာအနှံ့ရှာလည်းမတွေ့...........

" မြတ်မေ...... မြတ်မေ...  မင်းဘယ်မှာလဲ ခုထွက်ခဲ့စမ်း....မြတ်မေ...."

ကျွန်တော့် ရဲ့အော်သံ တစ်အိမ်လုံးဆူညံသွားတယ်....

" ရှင် ကိုကို မြတ်ကိုဘာလို့ခေါ်တာလဲ "

" ကောင်လေး ဘယ်ရောက်သွားလဲ "

" မသိဘူးလေ အိမ်ကထွက်သွားတာနေမှာပေါ့ "

" ဖြန်း......ဖြန်း......ဖြန်း......"

သုံးချက်ဆက်တိုက် မြတ်မေရဲ့ ပါကိုအားပြင်းစွာချလိုက်တယ်......

" ဒါမနေ့ ကကောင်လေး ပါးကိုချခဲ့တဲ့အတွက် မင်းကိုပြန်ပြီးလုပ်တာ...... ကောင်လေး ဘယ်မှာလဲ အမှန်တိုင်းပြောစမ်း."

ကျွန်တော့်ရဲ့ ဒေါသတွေ ဘယ်လိုမှထိန်းမရတော့ဘူး ခုချိန်မှာလူသတ်ချင်စိတ် ပေါက်နေတယ်.....

" မြတ်မေ မလုပ်ဘူး ကိုကိုရယ် တကယ်မလုပ်ပါဘူး "

" မလိမ်နဲ့ ငါမသိဘူးများထင်နေလား "

" ဒီထက်ပိုပြီး မဆိုးခင်ငါ့ အိမ်ကဆင်း ခုချက်ချင်းကိုဆင်း မဆင်ရင် ငါမြို့ကရဲခေါ်ရလိမ့်မယ် "

" ရဲမခေါ်ပါနဲ့ ကိုကိုရယ် မြတ်မေ ချက်ချင်းဆင်းပေးပါမယ် "

ကျွန်တော် လည်း ဆိုင်ကယ်သော့ဆွဲပြီး ရွာကိုပတ်ပြီး ကောင်လေးကိုလိုက်ရှာမိလိုက်တယ်........
-----------------------------------------------------------

" ကောင်လေး ထတော့ ထတော့ မြို့က ဈေးကိုရောက်နေပြီကွယ့် "

နားထဲသို့ဝင်လာတဲ့ အသံကြောင့် ကျွန်တော်မြို့ရောက်တေပြီဆိုတာသိလိုက်ရတယ်.....

လက်ပံရွာသားထံသို့ (Completed)Where stories live. Discover now