Part 7 💖

2.8K 92 8
                                    

     "  Your are my sun shine to the sky" 

ဖုန်းသံမြည်လာသဖြင့် လောင်းရိပ်အိတ်ကပ်ထဲကဖုန်းအားထုတ်၍ ခေါ်ဆိုသူကိုကြည့်လိုက်သောအခါ

"ဟိုလူကြီး  ဘာကိစ္စပါလိမ့်"  ထို့နောက်အစိမ်းရောင်ခလုတ်လေးအားတဖက်သို့ဆွဲလိုက်သည်

"hello "  "hello ဒေါက်တာလား ကိုယ်ပါ "

"ဟုတ်ကဲ့သိပါတယ် ဗျ  ဘာကိစ္စလဲမသိဘူး ခုချိန်ဖုန်းဆက်တာက " 

"လွမ်းလို့"  "ဗျာ ...."
" ဘာလို့အဲလောက်တောင်လန့်သွားတာလဲဒေါက်တာရယ်  ကိုယ်ကအတည်ပြောတာပါ  မယုံရင် ဒေါက်တာအနောက်ကိုလှည့်ကြည့်လိုက် "

လောင်းရိပ် သူပြောသလို နောက်လှည့်ကြည့်တော့  car parking မှာ ရပ်ပီး သူ့ကိုကြည့်နေသောထိုလူကြီး 

"ခင်များ ဘယ်လိုရောက်လာတာလဲ "

"ဒေါက်တာကိုတွေ့ခြင်မှတော့ ဒေါက်တာဆီဘဲလာရတာပေါ့  "

"ခင်များအချိန်တွေအရမ်းပေါနေလား ခင်များပေါလည်း ကျွန်တော်မပေါဘူး "

"ခဏလေးပါဒေါက်တာရယ် ကိုယ်ပြောစရာရှိလို့ပါ"

"....."
လောင်းရိပ် အတန်ကြာတိတ်ဆိတ်သွားမှ  ထိုသူ့ဘက်မှ

"ကိုယ် ဒီည Us သွားရမယ်  တပတ်လောက်တော့ကြာမယ် စနေနေ့တော့အမှီပြန်လာမှာပါ ဒါပေမယ့် အလုပ်ကိစ္စမပြတ်ရင် ဒေါက်တာကိုယ့်ကိုမျှော်နေမာစိုးလို့ကြိုပြောတာပါ "

" သွားပေါ့ ဘာလို့ကျွန်တော့ကိုလာပြောနေတာလည်း ပီးတော့ ကျွန်တော်က ဘာလို့မျှော်နေရမှာလဲ "

"ကိုယ်ကတော့ ဒေါက်တာကိုလွမ်းနေရတော့မှာဘဲ "

"......" လောင်းရိပ်ဘာမှမပြောမိ ထိုသူ့ဘက်ကဘဲ

"အဲဒါဆိုဒါဘဲလေ ဒေါက်တာ လေယာဥ်ချိန်နီးနေပီမို့တွေ့ခြင်တဲ့မျက်နှာလေးလည်းတွေ့ရတယ်ဆိုတော့ သွားဖို့အားရှိသွားပီ  ဖုန်းချတော့မယ်နော်ဒေါက်တာ "

"ခဏလေး "
လောင်းရိပ် အလောတကြီးအော်ပြောမိသည် ဘေးကသဲသဲတောင် လန့်သွားပီး မျက်စောင်းထိုးလာသည်

"ဟင် ဒေါက်တာ ကိုယ့်ကိုပြောစရာရှိလို့လား "

"safe flight "

အစပြုခဲ့သောရင်ခုန်သံ  (complete)Where stories live. Discover now