Part 8💖

2.2K 89 7
                                    

     မနက်လင်းတော့ လောင်းရိပ်နိုးလာခဲ့တော့ သက္ကကအောက်ထပ်မှာအဆင်သင့်စောင့်နေသည် 

"ဟို  ကိုသက္က ကျွန်တော်အပြင်သွားစရာရှိလို့ အဲဒါ ကိုသက္က အိမ်မှာဘဲစောင့်နေခဲ့ပါလား ကျွန်တော့်သူငယ်ချင်းနဲ့သွားမှာမို့ ကိုသက္က အဆင်မပြေဖြစ်မှာစိုးလို့ "

"စိတ်မပူပါနဲ့သူဌေးလေး ကျွန်တော်အဆင်ပြေပါတယ် ကားနဲ့ကျွန်တော်ဘဲလိုက်ပို့ပါမယ် ဘယ်သွားမှာလဲသာပြောပါ "

"ကျွန်တော်က လွတ်လွတ်လပ်လပ် သွားချင်တာ "

"ဟုတ်ကဲ့ ကောင်းပါပီ သူဌေးလေး "

လောင်းရိပ်ပျော်သွားသည် ပြောလို့မရလောက်ဘူးထင်ထားတာ ခုကြတော့လည်းလွယ်လွယ်ကူကူပါဘဲလား ဟိဟိ ပျော်လိုက်တာ သို့သော်လည်း    လောင်းရိပ်မှာ  သက္က၏နောက်မှ တိတ်တဆိတ်လိုက်မယ့်အစီစဥ်ကိုမသိလိုက်ပါပေ 
သို့နှင့်လောင်းရိပ်လည်း သဲသဲလာခေါ်တာနဲ့ သဲသဲကားနဲ့ဘဲလိုက်သွားလိုက်သည်  သက္ကလည်းနောက်မလှမ်းမကမ်းမှသာ သူဌေးလေးကိုစောင့်ကြည့်နေရသည် 

"သဲသဲ ဘယ်အရင်သွားကြမလဲ  "

"Mall ကိုသွားမယ်လေ ငါအကျီလေးတေလိုချင်သေးတယ် "

"အေး  သွားမယ်လေ  ဘယ် mallလဲ "

"နိင်နဲ့ငါဝယ်နေကြ mall ဘဲလေ ဘာလို့လဲ ပြသနာရှိလို့လား "

"အဲmall က  ဟိုလူကြီးပိုင်တာဟ  ဟိုတလောကငါသွားဝယ်တော့ အဲလူကြီးက ဒီကလစ် တစုံဝယ်ပေးတာ ၁သိန်းခွဲတောင် ငါစျေးကြီးတယ်လို့ပြောတာ စျေးကအဓိက မဟုဘူးတဲ့လေ  "

"ဘာလဲ  ကိုကို့ကို လွမ်းနေပီလား "

လောင်းရိပ်မျက်နာခရမ်းချဥ်သီးလိုဖြစ်လာတာ ရှက်ရွံ့ပူထူနေခြင်းပင်  ဒီသဲသဲကလေ သူများကိုလိုက်စနေတယ်

"ဟာ ငါကဘာလို့လွမ်းရမှာလဲ မလွမ်းပါဘူး လွမ်းရအောင်သူနဲ့ငါက ဘာမို့လို့လဲ "

လောင်းရိပ် စကားကိုထိန်းပီးပြောလိုက်ရသည်  အမှန်ဆိုရင် ထိုလူကြီးကိုသူသတိတော့ရပါတယ် တိုက်ဆိုင်ရင်ပေါ့လွမ်းနေတာမျိုးတော့မဟုပါဘူး
သူတို့စကားပြောရင်းလာလိုက်တာ  mallရှေ့သို့ရောက်လာသည်  ကားရပ်ပီး mallထဲသို့သူငယ်ချင်းနှစ်ယောက် ဝင်လာခဲ့ကြသည် 

အစပြုခဲ့သောရင်ခုန်သံ  (complete)Where stories live. Discover now