IN PYAE HOSPITAL
လောင်းရိပ်တယောက် 24 hours duty မို့စိတ်တေညစ်နေရသည် ခွဲခန်းကို၂ခါတောင်ဝင်ထားရတာမို့ လူလည်းအရမ်းပင်ပန်းနေလေပီ ပျင်းပျင်းနဲ့ဘဲ နားနေခန်းထဲထိုင်ပီး report တွေရေးနေလိုက်သည် ရေးနေရင်း သူ့အတွေးထဲရောက်လာတာက မနက်ကဆေးရုံအုပ် ရုံးခန်း ရှေ့မှာတွေ့ခဲ့တဲ့လူကြီး အရပ်ရှည်ရှည်နဲ့ လူကြီးဆန်ဆန် long coatနဲ့ lather shoe black နဲ့ အရမ်းမိုက်တဲ့ပုံစံဘဲ ဘယ်သူလည်းမသိပေမယ့် တခါမြင်လိုက်တာနဲ့ မှတ်မိနေတဲ့ပုံစံမျိုး လူကိုမြင်တာနဲ့ဘဲ သူတို့စကားတောင်ဆက်မပြောကြတော့ မသိရင် လောင်းရိပ်ကနားထောင်မှာ ထင်နေတာ မျက်လုံးတွေကလည်း လူကိုကြည့်နေတာ စူးစူးရဲရဲ စိတ်ပျက်စရာဘဲ
*Arr လောင်းရိပ် နင်ဘာတွေတွေးနေတာလည်း အရူးအတွေးတွေ ဟိုကနင့်ကို ဖုတ်လေတဲ့ငါးပိ ရှိတယ်တောင်ထင်မှာမဟုတ်ဘူး *
လောင်းရိပ် အတွေးတို့ကိုရုတ်သိမ်းကာ report ဆက်ရေးနေလိုက်သည် အိပ်လို့မရမယ့်တူတူ မနက်ခါ round လှည့်ဖို့ပြင်ဆင်ထားတာဘဲကောင်းတယ်
အဲဒါကြောင့် round လှည့်ဖို့လိုအပ်မယ့် report book တွေနဲ့ လူနာမှတ်တမ်းတွေကိုသေချာစစ်ဆေးလိုက်သည် ထို့နောက် အိပ်ငိုက်မှာစိုး၍ ကော်ဖီ ဖျော်သောက်ရန် သာထွက်ခဲ့လိုက်သည် သဲသဲနဲ့လည်း duty ကမတူဘူး ကျန်တဲ့ nurseလေးတွေရှိပေမယ့် လောင်းရိပ်က အေးဆေးနေတတ်သူမို့ သိပ်ပီးစကားမပြောဖြစ်ကြ ဒီလိုနဲ့ဘဲဟိုဟာလုပ်လိုက်ဒိီဟာလုပ်လိုက်နဲ့ဘဲ မိုးလင်းခါနီးလာပီ လောင်းရိပ် မျက်နှာသစ်သွားတိုက်ပီး round လှည့်ရင်အဆင်သင့်ဖြစ်ဖို့ပြင်ဆင်လိုက်သည် မနက်၅နာရီခွဲ ဆရာဝန်ကြီးတွေ လည်းရောက်လာပီ သူတို့ round လှည့်ပီး လူနာအခြေနေတွေ လှည့်ပတ်ကြည့်ရှုကြသည် နာရီဝက်ကျော်ကျော်ကြာပီး round လှည့်ချင်းပီးဆုံးပီလေ လောင်းရိပ်လည်း duty ချိန်ပီးပီမို့ ပြန်ဖို့
ပြင်တော့ သဲသဲက သူ့နားရောက်လာသည်"လောင်းရိပ် ပြန်သေးဘူးလား"
"ပြန်တော့မှာဟ ခုဏလေးတင် round ပီးတာ "
"ငါကပြန်သွားပီတောင်ထင်တာ ဒီမာဒေါ်လေးတွက် ငါဝယ်လာတာ "
"သဲသဲရယ် ဒုက္ခ ရှာလို့ "