တဖက်တွင်လည်း ပြည့်ခွင်တယောက် ကုမ္ပဏီရဲ့ နှစ်ချုပ်စာရင်းတွေကြောင့် စာအုပ်ပုံထဲခေါင်းစိုက်နေခိုက်
"hey ပြည့်ခွင်အာဏာ "
မြန်မာလိုမပီမသခေါ်ပီး သူ့ကိုလာနှုတ်ဆက်သော
ကတ်သရင်းကိုမြင်လိုက်သောအခါ *ဒီငမွှေမဘာတွေမွှေဦးမလဲမသိဘူး * အတွေးတို့မဆုံးလိုက် သူ့ကိုလာဖတ်သော ကတ်သရင်းကြောင့် အလိုက်သင့်ဘဲပြန်ဖတ်လိုက်ရသည်"When you arrive here my sister ?"
"now why "
" Aww nothing "
"Ok I want to go shopping mall bro"
"Ok let go "
ထိုသို့နှင့် ကတ်သရင်းအား shopping လိုက်ပို့ပေးရန်ထွက်လာခဲ့သည် ကတ်သရင်းဆိုတာ ပြည့်ခွင်ရဲ့ညီမဝမ်းကွဲပါ USမှာဘဲနေတယ် ခုက ပြည့်ခွင်မဂ်လာပွဲကြောင့်လာတယ်ဆိုတာပြေးကြည့်စရာမလို လောင်းရိပ်ကို သူ့ထက်တောင်ပိုချစ်နေတာ အကိုထက် မတ်ဖြစ်သူကိုပိုချစ်နေတဲ့ ငမွှေမ
"ဘာဝယ်မှာလဲ ကတ်သရင်း "
ပြည့်ခွင်မေးလိုက်တယ်ဆိုရင်ဘဲ ကတ်သရင်းရဲ့မျက်စောင်းတချက်က ပြည့်ခွင်ထံသို့"နင် စိတ်မရှည်တော့ဘူးလား ဘာမှမဝယ်ရသေးဘူး မတ်လေးတွက်လည်းဝယ်ရဦးမယ် "
"ငယ်တွက်က ဘာမှမဝယ်နဲ့ သူ့မှာအကုန်ရှိတယ် ငါဝယ်ပေးထားတာ "
ပြည့်ခွင်က ထိုသို့ပြောလိုက်တော့"hey မတ်ကလေးကိုငါ့ဘာသာဝယ်ပေးတာ နင်နဲ့မဆိုင်ဘူး ကြည့်သာကြည့်ပေးပါ ငါဝယ်တဲ့ဟာတေကို ကြားလား "
ကတ်သရင်းပြောလိုက်တော့ ပြည့်ခွင်စိတ်မရှည်ဟန်လေသံဖြင့်"အေးဟာ အေး အေး ငါ့ဆီလာပီး အလုပ်လာရှုပ်တာနင်က "
ကတ်သရင်း အားရပါးရ တချက်ရယ်ကာ
"ငါက မတ်ကလေးဆီလာတာ နင့်ဆီမဟုတ်ဘူး ဟား ဟား ဟား" ပြည့်ခွင်ခေါင်းသာခါရမ်းနိုင်တော့သည် သူ့ညီမကိုသူပြောမနိုင်တော့ ထို့နောက်တွင်တော့ သူတို့မောင်နှမ အဝတ်စားဝယ်ရန်သာ mallထဲသို့ဝင်လာခဲ့လိုက်သည် သူတို့နောက်မှာ ကြည့်နေတဲ့မျက်လုံးတစုံကိုတော့ ပြည့်ခွင်မမြင်လိုက်ပါပေ