Part 25💖

1.8K 53 4
                                    

  ပြည့်ခွင်နဲ့လောင်းရိပ် ဝတ်စုံကြည့်ရန်အတွက် ကားတစီးနဲ့ထွက်လာခဲ့လိုက်သည် သက္ကကတော့ Driverပေါ့

"ငယ်   ဝတ်စုံကိုငယ်ဘယ်လိုဟာဝတ်ချင်လဲ "

" ဘာကိုလဲဟင် မောင် "

"ဝတ်စုံကို suit ဘဲဝတ်ချင်လား ဒါမှမဟုတ် မိန်းခလေးတွေလို ဝတ်ချင်လား"

"မောင်က မိန်းခလေးတွေလိုဝတ်စေချင်တာလား "

"မဟုတ်ပါဘူး ငယ့်သဘောဘဲလေ ဘာဖြစ်လို့လဲဆိုတော့ ငယ်ကဆံပင်အရှည်လေးနဲ့မို့ မိန်းခလေးလိုဝတ်ချင်မလားလို့မေးကြည့်တာပါ "

" ငယ်က မိန်းခလေးနဲ့တူပေမယ့် မိန်းခလေးလိုဝတ်ရတာမကြိုက်ဘူး  suit ဘဲဝတ်မယ်  "

"ဟုပါပီဗျာ ငယ့် သဘောပါဘဲဗျ  "

ပြည့်ခွင်ပြောတော့ ငယ်ကပျော်သွားလေသည် ပီးမှ တခြားဘက်လှည့်ပီး ကားအပြင်ကိုငေးကြည့်နေသည်  ပြည်ခွင်ကလည်း တိတ်တဆိတ်ဘဲနေပေးလိုက်သည်  ထို့နောက်တွင်တော့ သူတို့ suitတွေရောင်းတဲ့ဆိုင်ရောက်တော့ ကားပေါ်ကဆင်းပီး  အတွင်းထဲဝင်ကြသည် အတွင်းထဲဝင်တော့ မန်နေဂျာဖြစ်ဟန်တူသောအမက

"ဦးပြည့်ခွင်အာဏာနဲ့ သူ့သတို့သားလောင်းထင်တယ် ကျမတို့bossက VVIP room ထဲမှာ စောင့်နေပါတယ်ရှင့် "

"အင်း "
ပြည့်ခွင်ကအင်းတလုံးထဲပြောတော့ လောင်းရိပ်က ပြည့်ခွင့်အားမျက်စောင်းထိုးကြည့်လာသည်  ပီးမှ

"ကောင်းကောင်းမွန်ပြောပါလား  "

ထိုသို့ပြောပီး ခုဏကပြောသောအမအား

"ဟုတ်ကဲ့ပါအမ ကျေးဇူးပါဗျ"

"ဟုကဲ့ ရပါတယ်ရှင့် ချစ်စရာလေးနော်မောင်လေးက ဆံပင်ကလည်းအရှည်ကြီးဘဲ စကားပြောတာသာမကြားရင် အမကတော့မိန်းခလေးလို့ထင်နေတော့မှာ "

ထိုအမကပြောတော့ လောင်းရိပ်က သွားတန်းဖြူဖြူလေးများပေါ်အောင်ရယ်ပြလိုက်ပီး

"ဟီးးးးး   ဟုကဲ့အမ  မဂ်လာဆောင်ကျဖိတ်လိုက်မယ်နော်အမ"

"ဟုပီ လာခဲ့မယ်နော် "

ပြည့်ခွင်လည်း မန်နေဂျာနဲ့စကားပြောနေသောငယ့်အားထားခဲ့ကာ VVIP roomထဲသာ ထွက်ခဲ့လိုက်သည်  အထဲရောက်တော့ desginer ကအဆင်သင့်စောင့်နေသည် desginerဆိုပေမယ့်ပြည့်ခွင်နဲ့အထက်တန်းထဲကသူငယ်ချင်းမို့ စကားပြောစရာငိပ်မလိုပေမယ့်လိုချင်တဲ့ပုံစံ ဒီဇိုင်းကိုတော့ပြောရမှာကြောင့် လာခဲ့ခြင်းပင် ပြည့်ခွင်ထိုင်လိုက်ရင်း

အစပြုခဲ့သောရင်ခုန်သံ  (complete)Where stories live. Discover now