IN PYAE HOSPITAL
ပြည့်ခွင် အလုပ်သွားမယ်ဆိုပီးထွက်လာခဲ့တဲ့ဆီက ပြည့် ဆေးရုံက ဆေးရုံအုပ်ထံသို့ ဒေါက်တာလောင်းရိပ်ငယ်ကို အလုပ်ထုတ်ပစ်မှုနှင့်ေ၁းလက်မှတ်များအားသိမ်လိုက်တာ ဦးမြင့်အောင်နှင့်သူ့သားလက်ချက်ဆိုတာသိသွားခြင်းကြောင့် လာခဲ့ခြင်းပင် ငယ့် အိမ်မက်ကို ရိုက်ချိုးပစ်လိုက်တဲ့ ဘယ်လိုလူမျိုးကိုမဆိုအသက်ရှင်ခွင့်ပေးမှာမဟုတ်
* ဦးမြင့်အောင်ခင်များအသက်ကို ကျုပ်အာမမခံနိုင်ဘူးလို့ပြောထားတာကို ခင်များက ကျုပ်အပိုင်ကိုမှလာထိတာကို ကျုပ်စကားကိုအလေးမထားတာဘဲ
ဟက် *ဆေးရုံဝင်းထဲသို့ ပြည့်ခွင်ကားဝင်လာတယ်ဆိုရင်ဘဲ ဆေးရုံအုပ်နဲ့ တခြားသူတွေ ပြာပြာသလဲဖြစ်ကုန်ကြသည် ဆေးရုံအုပ်ဆို နေစရာမရှိတော့ မျက်နှာလည်းအရမ်းပျက်နေလေပီ
ပြည့်ခွင် ဆေးရုံအုပ်ရုံးခန်းသို့သာတန်းပီးဝင်လာလိုက်သည် နောက်မှာတော့ မိုးယံ ဝဏ္ဏနဲ့ နောက်လိုက်၃ယောက်သာ ပါလာခဲ့သည်
"ဦးမြင့်အောင်!!!! ပြောစမ်းပါဦး ကျုပ်ယုံနိုင်လောက်မယ့်ဆင်ခြေလေးတခုလောက် "
ပြည့်ခွင်ထိုသို့ပြောတော့ ဦးမြင့်အောင် တော်တော်မျက်နှာပျက်နေပီ
"ဘာ ဘာကိုလဲ မောင်ပြည့်ခွင် အန် အန်ကယ် မောင်ပြည့်ခွင်ပြောတာနားမလည်ဘူး "
ပြည့်ခွင် မျက်နှာကွက်ခနဲပျက်သွားသည် ဒိီချိန်ထိ သူ့အမှားကို သူမသိသေးတာဘဲ ပြရတာပေါ့အမှားကဘာဆိုတာကို
"မသိဘူး ဟုတ်လား!!! ဦးမြင့်အောင် ခင်များ ဘယ်သူ့ကိုလာလိမ်နေတာလဲ ပြည့်ခွင်အာဏာဆိုတဲ့ ကျုပ်ကိုလား " ပြည့်ခွင်မျက်နှာလုံးဝတည်တင်းသွားသည် ပုံမှန်ထက် ၄ဆ၅လောက်ထိ လုံးဝ ကို စိတ်ပျက်သွားသလိုမျိုး
"အေး ခင်များမမှတ်မိရင် ကျုပ်ပြောမယ် "
ထိုသို့ပြောလိုက်တော့ ဦးမြင်အောင်မျက်နှာအောက်သို့သာ ငုံ့ချထားသည် ပြည့်ခွင်စိတ်တိုနေတာ သူသိပါတယ်လေ
" ခင်များကိုကျုပ်ပြောထားတယ် တရားမဝင်ဆေးတွေ ဆက်ပီးဆေးရုံကိုတင်မသွင်းပါနဲ့လို့ အဲဒါကို ခင်များ နားမထောင်ဘူး ဆက်ပီးတင်သွင်းတယ် အဲလိုလုပ်တာကြောင့် မသေသင့်တဲ့ လူနာသေရတယ် လူနာသေပြန်တော့ အပစ်မရှိတဲ့ဆရာဝန်ကိုလွဲချပီး အလုပ်ထုတ်ပီး ဆေးကုခွင့်ပါပိတ်လိုက်တယ် ကျုပ်က အဲဒါတေမသိနိုင်ဘူးထင်လို့လာ ဟမ်!! ဦးမြင့်အောင် ခင်များကိုကျုပ်သတိပေးထားတယ်နော် "