Part 19💖

2.1K 65 2
                                    

    ကတ်သရင်းနဲ့ လောင်းရိပ်ငယ်တို့ Mallထဲရောက်တော့

"ဘေဘီ  ဒီနားမှာခဏစောင့်နော် မမ toilet ခဏဝင်မို့ "

ကတ်သရင်းပြောလိုက်တော့ လောင်းရိပ်က

"ရပါတယ်မမ  လောင်းရိပ်စောင့်နေပါ့မယ် "

ကတ်သရင်းလည်းလောင်းရိပ်အားနေရာတခုတွင်ထားခဲ့ကာ အိမ်သာရှိရာဆီသို့အမြန်ပြေးသွားလိုက်သည် လောင်းရိပ်လည်းဒီနေရာ၏ ခုံတန်းလေးပေါ်တွင်သာထိုင်နေလိုက်သည် လူလည်းသိပ်မရှိတာမို့ သူလတွက်အဆင်ပြေသည် ထိုစဥ်

" ဝိုး ဒေါက်တာလောင်းရိပ်ငယ်  တွေ့ကြပြန်ပီ တိုက်ဆိုင်လိုက်တာ "

"ဘာကိစ္စရှိလို့လဲကိုသီဟအောင် "
သီဟအောင်က လောင်းရိပ်ငယ်၏ဘေးတွင်ဝင်ထိုင်လာသည်

"ကိစ္စရှိမှ ပြောရမှာ လောင်းရိပ်ရယ် ကိုသီဟကို အဖြေဘယ်တော့ပေးမှာလဲ "

"ကျွန်တော်ပြောပီးပီလေ ကိုသီဟအောင် ကျွန်တော့်မှာသတို့သားလောင်းရှိတယ်လို့ "

"သတို့သားလောင်းလည်းလောင်းရိပ်မှသူ့ကိုမချစ်တာ ကိုယ့်နောက်လိုက်ခဲ့ပါလောင်းရိပ်ရယ် လောင်းရိပ်ကိုယ့်ကိုချစ်တယ်မဟုတ်လား မူမနေပါနဲ့ "

သီဟအောင်ကပြောလည်းပြော လောင်းရိပ်လက်ကိုလည်းဆွဲကိုင်လိုက်တော့လောင်းရိပ်မှာတွန့် နဲ ပီးတော့ အလျင်အမြန်ဘဲ သူ့လက်အားခါချလိုက်သည်
ပီးမှ

"ကိုသီဟအောင်ကျွန်တော်ရှင်းရှင်းဘဲပြောမယ် ကိုသီဟအောင်ကို အစထဲကလည်းမချစ်ဘူး ခုလည်းမချစ်နေဘူး နောင်လည်းခဖစ်မှာမဟုတ်ဘူး အဲကြောင့်ခုလာရာလမ်းကပြန်ပါတော့ " 

လောင်းရိပ်ပြောပီးထိုနေရာမှထထွက်ရန်ပြင်လိုက်စဥ်မှာဘဲ နှာခေါင်းနှင့်ပါးစပ်ပေါ်ကျရောက်လာသော လက်ကိုင်ပုဝါတထည်ကြောင့်လောင်းရိပ်မျက်လုံးများပြူးသွားရသည်  မကြာပါ လောင်းရိပ်အမှောင်ကမ္ဘာဆီသို့ချဥ်းနင်းဝင်ရောက်သွားသည် သီဟအောင်က

*အနုနည်းမရတော့လည်းအကြမ်းနည်းသုံးရတာပေါ့ လောင်းရိပ်ရယ် ငါဘဝစုတ်ပြတ်သတ်သလို မင်းဘဝကိုလည်း ငါဖျက်ဆီးပြမယ် *  ထို့နောက်လောင်းရိပ်ကိုပွေ့ကာကားဆီသို့

အစပြုခဲ့သောရင်ခုန်သံ  (complete)Where stories live. Discover now