ဒီနေ့က ပြည့်ခွင်အာဏာနဲ့ လောင်းရိပ်ငယ်တို့ရဲ့ မဂ်လာနေ့ မဂ်လာဆောင်ဆိုပေမယ့် မနက်ခင်းလက်မှတ်ထိုးပီး ညနေကျမှ ပြည့်ခွင်ရဲ့အသိမိတ်ဆွေအနဲငယ်နှင့် လောင်းရိပ်၏အသိအနည်းငယ်နှင့် Dinner ပွဲလေးသာ အကြီးကျယ်မလုပ်ချင်သောလောင်းရိပ်၏ဆန္ဒအရ ဒီလိုပွဲအသေးလေးသာလုပ်ဖြစ်ခြင်းသာ ဖြစ်သည် မနက်ခင်းလက်မှတ်ထိုးဖို့ရှေ့နေနှင့် အသိအနည်းငယ်သာ
"ကဲ မောင်ပြည့်ခွင် လက်မှတ်ထိုးတာအဆင်ပြေသွားပီဆိုတော့ အန်ကယ်ပြန်မယ် ညနေ dinner ကျမှ လာတော့မယ်ကွယ် "
"ဟုကဲ့ပါ အန်ကယ် ဒီလိုလေးဖြစ်အောင်လုပ်ပေးပါကျေးဇူးတင်ပါတယ် ပွဲပီးမှဘဲ လာပီ ကျေးဇူးတင်ပါဦးမယ်ဗျ "
"ရပါတယ်ကွယ် ကဲအန်ကယ်သွားပီ သက်ဆုံးတိုင်လက်တွဲသွားနိုင်ပါစေကွယ် "
"ဟုတ်ကဲ့ ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ "
ရှေ့နေကြီးကဆုပေးလိုက်တော့ လောင်းရိပ်ကပါ ပြောလိုက်သည်
"ရှေ့နေကြီးကိုကျေးဇူးတင်ပါတယ်ဗျ "
"မလိုပါဘူးကွယ် "
ရှေ့နေကြီးပြန်သွားတော့ အိမ်မှာကျန်တာက ပြည့်ခွင် လောင်းရိပ် နှင့်သူ့အမေ သဲသဲ နှင့် မိုးယံ ဝဏ္ဏကတော့ ရှေ့နေကြီးကိုလိုက်ပို့သည် ထို့နောက် ပြည့်ခွင်ကလောင်းရိပ်၏ အမေ ဒေါ်ခနောင်းရိပ်အား ကြည့်ကာ
"အမေ အတော်နေကျရင် သက္ကက ဆေးခန်းလိုက်ပို့လိမ့်မယ်အမေ ဒီနေ့ ရက်ချိန်းမလား ညနေကျ dinnerရှိတာမို့ အမေရောတက်ပေးပါ "
"အေးပါကွယ် မောင်ပြည့်ခွင်ကိုကျေးဇူးတင်ပါတယ် သားလေးကို စောက်ရှောက်ပေးပါကွယ် အမေကအသက်ကြီးနေပီဆိုတော့ သားပြည့်ခွင်ရဲ့ လက်ထဲဘဲ စိတ်ချလက်ချအပ်ခဲ့ပါရစေကွယ် "
ဒေါ်ခနောင်းရိပ်ပြောတော့ လောင်းရိပ်က မိခင်၏ရင်ခွင်ထဲတိုးဝင်ကာ ငိုတော့သည်
"အမေကသားတို့နဲ့အတူတူနေရမှာဘဲကို ဘာလို့ထွက်သွားတော့မယ့်လူလိုပြောနေတာလဲ ဟင့် အင့် "
လောင်းရိပ်ကပြောလည်းပြောငိုလည်းငိုသည်
"အော် သားရယ် အမေပြောပါရော အမေကအသက်ကြီးပီလေသားရယ် "