3လ 3လပြည့်ခဲ့ပီ ပြည့်ခွင်နဲ့လောင်းရိပ်ရဲ့အိမ်ထောင်သက်တမ်းက မဂ်လာဆောင်ပီး ဟန်းနီးမွန်းထွက်ဖို့ကို ဟန်းနီးမွန်းအစား မိဘမဲ့ဂေဟာကိုလှူပေးပါဆိုလို့ ခရီးမထွက်ဘဲ လှူပေးခဲ့သည် ငယ့်စိတ်ကြိုက်ပေါ့ ခုချိန်လောင်းရိပ်လည်း house ဆက်ပီးဆင်းနေပီ ပြည့်ခွင်လည်းတလတခါUSသွားနေရတုန်း တခါတလေ ငယ်နဲ့မခွဲချင်လို့ USက ကုမ္ပဏီပါပိတ်ပစ်ချင်တဲ့ထိဘဲ ခုလည်းငယ်ကဆေးရုံမှာသူကရုံးချုပ်မာ အပြန်ငယ့်ကိုဝင်ကြို အပြင်စာစားပီးမှအိမ်ပြန် အဆင်ပြေနေပါတယ်
"မောင် ရောက်နေပီလား "
ဖုန်းထဲကငယ့်အသံကကြည်လင်လို့နေသည်
"မရောက်သေးပါဘူးဗျာ ငယ်ရောပီးပီလား dutyက လာခေါ်ရတော့မလား "
"မပီးသေးပါဘူး မောင့်ကိုခွင့်တောင်းမို့ "
"အင်း ပြောလေငယ် ဘာများလဲ"
"ညခါကျရင် သဲသဲနဲ့dutyချိန်မို့ ဒီညဝင်ပီးမနက်မှပြန်ထွက်ရမာ သဲသဲက ကိစ္စလေးရှိလို့တဲ့ "
"အဲဆို night duty ပေါ့ "
"ဟုတယ် မောင်"
မောင်ကဆေးရုံစဆင်းထဲက Night dutyတွေဆိုမဆင်းရဘူးလို့မှာထားပီးသား ထို့ကြောင့်ခွင့်တောင်းခြင်း
"တညထဲပါမောင်ရယ် နော် သဲသဲကလည်းတကယ်ကိစ္စရှိလို့ပါ နော် မောင် "
"အင်း ဟုတ်ပီလေ အဲဆိုလည်း မနက်ဘယ်ချိန်duty ထွက်မာလဲ "
"မနက် Round ပီးရင် ၆နာရီပေါ့ "
"အင်း မောင် လာခေါ်မယ်နော် ပီးနော် ညစာ မောင်လာပို့မယ် ဘာစားချင်လဲ "
"အင်းးးးးဘာစားချင်လဲဆိုတော့ ချဥ်ချဥ်စပ်စပ်လေးနဲ့ခေါက်ဆွဲပြုတ်ပူပူလေးစားချင်တယ် "
"ဟုပီမောင်လာပို့မယ် "
"မောင် ချဥ်ချဥ်လေးနော် "
"ဟုပါပီငယ်ရယ် မောင် ဝယ်လာပေးမယ်"
"အင်း အဲကြောင့်မောင့်ကိုချစ်တာ မွ"
လောင်းရိပ်ငယ်ဖုန်းပြောပီးနောက် ညနေခင်း round အတွက်လူနာဖိုင်များအားပြင်ဆင်နေသည်
ညနေ round ပီးရင် သူ့duty၆ီးပီပေမယ့် တနာရီလောက်နားပီးရင် ညဘက်ဆက်ဝင်ပေးရမည် မောင်က ဆေးရုံအလုပ်မဆင်းခိုင်းပေမယ့် ငယ့်ဝါသနာလို့ပြောတော့သူမတားပါဘူး သူကိုယ်တိုင်ပံ့ပိုးပေးတယ် ခုဆိုလောင်းရိပ်မှာဘာမှပူစရာမလိုတော့ လောင်းရိပ်အတွေးတွေလွင့်နေတုန်းမှာဘဲ သဲသဲကအနားရောက်လာတာမို့ ထိုင်နေရာမှထလိုက်ရာ ခေါင်းထဲကမိုက်ကနဲ ထို့ကြောင့်ခေါင်းကိုခဏထိန်းပီး ပြန်ထိုင်လိုက်ရလေသည် သဲသဲကလည်းအပြေးလွှားရောက်လာကာ