ပြည့်ခွင် မနက်စာစားပီသည်နှင့် အလုပ်သွားရန်ပြင်ဆင်တော့သည် အလုပ်မသွားခင်
"ငယ် ဒီကိုခဏလာပါဦးဗျာ "
လောင်းရိပ်အားခေါ်လိုက်သည် လောင်းရိပ် ဟိုလူကြီးခေါ်သံကြောင့် အခန်းအပြင်ထွက်ခဲ့သည်
"ဘာလို့အော်ခေါ်နေတာလဲ "
ထိုလူအား မကျေနပ်တချက်ကြည့်ပီးပြောလိုက်သည်
"အင့် ဒါယူထား ဒီနေ့ပျင်းရင် shopping ထွက်လေ ငယ့်သူငယ်ချင်းရောခေါ်သွား "
လောင်းရိပ်လက်ထဲသို့ရောက်လာသော ကဒ်တကဒ်
သေချာကြည့်တော့မှ black card လောင်းရိပ်မျက်လုံးလေးများဝိုင်းစက်သွားရသည် ထို့နောက်"တော်ပါပီ မလိုချင်ပါဘူး shopping လည်းမထွက်ချင်ဘူး "
"ယူထားလိုက်ပါငယ်ရယ် ပီးတော့ ဒီနေ့ထွက်ဖြစ်အောင်ထွက်နော် ကိုယ်ရှာသမျှက ငယ့်အတွက်ချည်း မွ သွားပီ "
လောင်းရိပ် အမှတ်တမဲ့မို့ နှုတ်ခမ်းအား ရှပ်တပျက်အနမ်းခံလိုက်ရသည် ကြောင်အကာရပ်နေရင်းမှ အတန်ကြာမှသတိပြန်ဝင်လာကာ မျက်နှာမှာချက်ချင်းရဲတက်လာသည် *အားးး ရှက်လိုက်တာ ဒီလူကြီးနမ်းသွားပြန်ပီ * ရှက်ရှက်နဲ့ဘဲ အခန်းထဲပြန်ဝင်လာသည် *ဟီးး ဘာဘဲဖြစ်ဖြစ် သဲသဲခေါ်ပီး ဒီနေ့လျောက်ပတ်သွားပစ်မယ် * ထို့နောက် ဖုန်းထုန်ကာ သဲသဲအား ဖုန်းခေါ်လိုက်သည်
"ဟဲ့ သဲသဲ ဒီနေ့အားလား "
"အင်း အားတယ်လေ ဘာလို့လဲ"
"ဒီနေ့အပြင်သွားရအောင် ငါလာခေါ်မယ် "
"အင်း လာခေါ်လေ ဘယ်တော့လဲ "
"ခုလေ ငါရေချိုးပီး လာခေါ်မယ်အဆင်သင့်ပြင်ထား ဟုတ်ပီလား "
"ok ငါစောင့်နေမယ် "
"အင်း ဟုပီ "
ဖုန်းချပီး လောင်းရိပ် ရေချိုးဖို့ပြင်လိုက်သည် ထို့နောက် ခေါင်းပါလျော်လိုက်သည် ရေချိုးခန်းထဲမှ bathrobe ဝတ်ပီးထွက်ခဲ့လိုက်သည် ထို့နောက်အဝေတ်အရင်မဝတ်ဘဲ မှန်ရှေ့အရင်ထိုင်လိုက်သည် လေမှုတ်စက်ယူ၍ ဆံပင်ခြောက်အောင်အရင်လုပ်လိုက်သည် လောင်းရိပ်မှန်ရှေ့တွင် သူ့ခန္ဓာကိုယ်အားပြန်ကြည့်လိုက်သည် ဟုပါတယ် လောင်းရိပ်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက တခြားယောက်ျားလေးတွေနဲ့မတူပါဘူး မိန်းခလေးတွေလောက်မကြီးပေမယ့် အနဲငယ်ဆူထွက်သော ရင်သားတွေရယ် ခါးသိမ်သိမ်လေးတွေရယ် လုံးဝန်းသောတင်ပါးလေးတွေရယ် ပီးတော့ မိန်းခလေးဟော်မုန်းများပီး မိန်းခလေးတွေလိုအသားရည်ကစ နုဖတ်နေတာပါ လောင်းရိပ် မိမိကိုယ် မိမိပြန်ကြည့်ရင်း သက်ပြင်းသာအကြိမ်ကြိမ်ချလိုက်မိသည် ထို့နောက်အဝတ်စားလဲပီး အခန်းပြင်ဘက်သို့ထွက်လာလိုက်သည် ဧည့်ခန်းထဲတွင် မေမေကထိုင်နေပီး ကောင်မလေးတယောက်ကမေမေ့ကို နှိပ်ပေးနေသည်