Part 2💖

4K 136 10
                                    

   In Pyae Co,lim

ကုမ္ပဏီ တခုထဲသို့ ကားအကောင်းစားတစ်စီး ဝင်ရောက်လာသောအခါ ဝန်ထမ်းတွေအကုန်လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည် အဘယ့်ကြောင့်ဆိုသော် ကုမ္ပဏီရုံးခွဲသို့အရေးကြီးအကြောင်းအရာမရှိဘဲမလာသောသူတို့၏သူဌေး ဦးပြည့်ခွင်အာဏာ၏ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုကြောင့်ဖြစ်သည် အဲလိုပါဘဲ သူဌေးကတခါတလေ ဘာမှအကြောင်းမကြားဘဲ ရောက်ရောက်လာတတ်သည် အေးလေ ရှောင်တခင်ဝင်စစ်ပါတယ်ဆိုနေမှ အကြောင်းကြားပါ့မလား ရှေ့က driver နေရာမှဆင်းလာသော သူဌေး၏ အတွင်းရေးမှူး ကိုမိုးယံ ဆင်းလာပီး ကားတံခါးဖွင့်ပေးလိုက်တော့ lather shoe အနက်ရောင်နဲ့ long coat အနက်ရောင် style pant ဝတ်ထားသောအမျိုးသားတယောက်ဆင်းလာသည် ထိုသူမှာ ဦးပြည့်ခွင်အာဏာ  အသက် ၃၀ လို့ မထင်ရလောက်အောင် အရမ်းခတ်ဆန်ပီးဖြတ်လတ်တက်ကြွနေကာ စီးပွားရေးလုပ်ငန်းရှင်တော်တော်များများရဲ့ မျက်စိကျခြင်းကိုခံနေရသူပါ သားမက်ဖမ်းနေကြတာပေါ့  ထိုသူကတော့ စီးပွားရေးကလွဲဘာမှစိတ်မဝင်စားသူတယောက် အဲဒါကြောင့်လဲ အာရှမှာ top 1စာရင်းဝင်သူဌေးဖြစ်နေတာပေါ့  ပြည့်ခွင်ဝင်လာတော့ ရုံးခွဲက မန်နေဂျာ မျက်နှာတေပျက်နေလေပီ
ပြည့်ခွင်ရဲ့မျက်ခုံးများကလည်းသိသိသာသာတွန့်ချိုးကုန်လေပီ

"boss အကြောင်းမကြားဘာမကြားနဲ့ အရေးကြီးကိစ္စရှိလို့လား ကြိုတော့အကြောင်းမကြားဘူး ကျွန်တော် boss ကိုကြိုဖို့ ပြင်ထားမှာပေါ့"

ပြဘ့်ခွင်တယောက် မန်နေဂျာကိုမျက်ထောက်နီကြီးနဲ့လှမ်းကြည့်ပီး

"ငါ့ ကုမ္ပဏီကိုငါလာတာကြိုတင်ပီးအကြောင်းကြားပေးရဦးမာလား ဘာလဲ မင်းတို့ မဟုတ်တာတေလုပ်ထားတာမိမှာစိုးလို့လား"

"မဟုတ်ပါဘူး boss ရယ် ဒီတိုင်းကြီးရောက်ချလာလို့ပြောမိတာပါ"

"မိုးယံ"

" ဗျာ boss"

"15 min အတွင်း မန်နေဂျာတေအကုန်လုံးနဲ့လက်ရောက်မန်နေဂျာတေအကုန် meeting room ထဲမာစောင့်နေမယ်လို့ "

"ဟုတ်ကဲ့ boss"
မိုးယံလည်းကပျာကယာထွက်သွားပီး ဖုန်းကောက်ဆက်တော့သည် Bossဒီလောက်စိတ်တိုနေတာမမြင်ဖူးဘူး သူပါကြောက်နေပီ ဒီကိုလာမယ်ဆိုတာကိုယ်တောင်မသိဘူး ကားပေါ်ရောက်မှ ကုမ္ပဏီ ခွဲကိုမောင်းဆိုလို့ချက်ချင်းရောက်ချလာတာ 15 min တောင်မပြည့်လိုက် ခေါ်ခိုင်းထားတဲ့ မန်နေဂျာတေအကုန်ရောက်လာကြပီ မရောက်လို့လည်းရမလား ဟိုက meeting room မှာစောင့်နေတာကို အကုန်လုံးမျက်နှာလေးတေ ဇီးရွက်လောက်ဘဲရှိတော့တယ် ကြောက်နေကြပီ

အစပြုခဲ့သောရင်ခုန်သံ  (complete)Where stories live. Discover now