5 years later
"နေမင်းရောင်ခြည် !!!! လမင်းရောင်ခြည် !!! ၂ယောက်လုံး အခန်းထဲလာခဲ့ "
အပေါ်ထပ်မှလောင်းရိပ်ငယ်၏အော်သံစူးစူးကထွက်လာခဲ့သည် ဘာဖြစ်လို့လဲမမေးနဲ့ နေမင်းနဲ့လမင်းဆိုတာအမွှာပေမယ့် မတူညီတဲ့စရိုက်နဲ့ မတူညီတဲ့စိတ်
မတူတာတွေများပေမယ့် တူတာက ၂ယောက်လုံးက အရမ်းမွှေတာ ခုလည်းကြည့် အသက်ကလေးတွေကသာ၅နှစ် သူ့Daddy မရှိခင် အခန်းထဲတွေရော ဧည့်ခန်းတွေရော အရုပ်တွေနဲ့ဖွထားတာ ပီးတော့ရေခဲသေတ္တာထဲကစားစရာတွေလည်းယူဆော့ထားတာကြည့်လေ နေမင်းနဲ့လမင်း မျက်နှာငယ်လေးတဲ့သူတို့ လောင်းရိပ်အနားရောက်လာကြသည်"ကဲ နေမင်းရောင်ခြည်နဲ့လမင်းရောင်ခြည် မားဘာပြောထားလဲ ဆော့ပီးရင် ဘာလုပ်ရမာလဲ "
တကယ်တော့ ခလေး၂ယောက်လုံးက စကားစပြောထဲကလောင်းရိပ်ကို မားလို့ဘဲခေါ်တာပါအဲကြောင့်ပြောင်းမခေါ်ခိုင်းဘဲသူတို့စထွက်ထဲကနာမ်စားကိုဘဲလောင်းရိပ်ကခေါ်ခိုင်းခဲ့တာပါ
"ဆော့ပီးရင်ပြန်သိမ်းရမှာပါ မား" 2
၂ယောက်လုံးပြိုင်တူပြောလာသည်
"မားက သားနဲ့သမီးကိုမဆူချင်ဘူး မားကလည်းအားတာမဟုတ်ဘူးလေ ဆေးရုံသွားရတယ် ပြန်လာတော့ သားနဲ့သမီးဆော့ထားတာတွေသိမ်းရတယ် သားတို့စားဖို့လုပ်ပေးရတယ် မား ကိုမချစ်ကြဘူးလား ဟင် သားတို့ကမလိမ်မာကြဘူးကွယ် "
လောင်းရိပ်ထိုသို့ပြောတော့လည်းမျက်နှာငယ်လေးတွေနှင့်
"နောက်ကိုလိမ်မာပါ့မယ်မား မီးတို့မဆိုးတော့ပါဘူး "
လမင်းလေးကအရင်ပြောသည်
"ဟုတ်ပါတယ်မား သားတို့လိမ်မာပါ့မယ် "
နေမင်းလေးကပါ လိုက်ပီးပြောသည်
"ဟုပါပီ ခုတော့သားနဲ့မီးဆော့ထားတာတွေပြန်သိမ်းမယ်ဟုတ်ပီလား daddyပြန်လာရင် မားတို့dinnerစားကြမယ် "
နေမင်းနဲ့လမင်းကပြိုင်တူခေါင်းငြိမ့်လိုက်ကာ
"ဟုတ်ကဲ့ မား "
ထို့နောက်လောင်းရိပ်လည်းရေမိုးချိုးလိုက်သည်ပီးရင်ညစာပြင်ရမည် လောင်းရိပ်ရေချိုးနေတုန်း သူတို့လေးတွေက ဆော့ထားသမျှသိမ်းနေကြသည် လောင်းရိပ်ကအကျင့်လုပ်ထားချင်းပင် သူတို့ဆော့သမျှကိုသုတို့ဘာသာဘဲသိမ်းခိုင်းသည် မောင်ကအဲလိုမဟုတ်သူ့ခလေးတွေကိုအလိုလိုက်သည် ချစ်လို့အလိုလိုက်တာနားလည်ပေမယ့် ခလေးတွေကိမြပျက်စီးစေချင် ထို့ကြောင့်လောင်းရိပ်ကလိုက်ထိန်းသည် မီးဖိုထဲဝင်ပီး ညစာပြင်နေစဥ်