ပြည့်ခွင် လောင်းရိပ်၏လက်ကိုဆွဲ၍ အောက်ထပ်က ညီမလေး ကတ်သရင်းဆီသို့ခေါ်လာခဲ့လိုက်သည် လောင်းရိပ်မှာတော့အသဲသန်ငိုထား၍ မျက်နှာတခုလုံး ချင်းချင်းနီနေလေသည် အောက်ထပ်ရောက်တော့ ကတ်သရင်းက
"Hey baby you are so cute "ဟုပြောကာ လောင်းရိပ်အားသွာ၍ဖက်လိုက်သည် လောင်းရိပ်မှာသာအူကြောင်ကြောင်လေးနဲ့ ပြည့်ခွင်ကိုတလှည့် ကတ်သရင်းကိုတလှည့်ကြည့်နေသည် ထို့နောက်တွင်မှ
"တို့ကမြန်မာစကားပြောတတ်ပါတယ် နဲနဲပါးပါး "
ကတ်သရင်းထိုသို့ပြောလိုက်မှ လောင်းရိပ်က
"ဟုတ်ကဲ့မမ လောင်းရိပ်ငယ်ပါဗျ "
"အို သိပါတယ် တို့က ပြည့်ခွင်ထက်၂နှစ်ဘဲငယ်တာ မမလို့ခေါ်တာအဆင်ပြေတယ် "
ကတ်သရင်းက စကားသံမပီမသလေးနဲ့ပြောလိုက်သည် သူကလောင်းရိပ်အားသေသေချာချာကြည့်ပီး
"ဟေ့ အကို မတ်ကလေးရဲ့မျက်နှာက ဘာဖြစ်တာလဲ နီရဲနေတာဘဲ ငိုထားတာလား နင်ဘာလုပ်လိုက်တာလဲ ငါ့မတ်ကလေးကို "
ထိုသို့မေးတော့ လောင်းရိပ်မှာရှက်လွန်း၍ အငွေ့ပျံချင်သွားသည် ဟုတ်တယ်လေ မောင်နှမမှန်းမသိဘာမသိ သဝန်တိုနေတာကို မမကိုဘယ်လိုရှင်းပြရမှာလဲ
ထို့ကြောင့် ခေါင်းသာငုံ့ထားမိသည် သိနေသောထိုလူကြီးက"နင်နဲ့ငါ့ကို mallမှာမြင်သွားပီး အထင်လွဲသွားတာ "
ကတ်သရင်းမှာခေါင်းလေးတငြိမ့်ငြိမ့်နှင့်သူ့မတ်လေးအားပြုံးဖြီးဖြီးလေးကြည့်ပီး
"မတ်ကလေးက တိုနေတာလား ဟိုဟာလေ ဘာတဲ့အဲဒါက " ကတ်သရင်းမှာပြောမယ့်စကားရှေ့မရောက် ဒါနှင့်ဘဲ ပြည့်ခွင်က စကားဆက်ပေးသည်
"သဝန်တိုတာပြောတာလား ကတ်သရင်း "
"အေး ဟုတ်တယ် အဲဒါ နင်တို့မြန်မာစကား အရမ်းရှုပ်တယ် " ကတ်သရင်းကဆူပုတ်ပုတ်လေးပြန်ပြောသည် လောင်းရိပ်မှာတော့မျက်နှာမဖော်ရဲ သူ့အပစ်နဲ့သူ ဘာမှမဆိုင်သေးဘဲသဝန်တိုတာလေ
"ငါ့ ဘေဘီက အရမ်းချောတာကို အကိုသဲလည်းသဲချင်စရာ " ပြောလည်းပြော လောင်းရိပ်ရဲ့ပါးတေကိုလည်းဖိနမ်းလာသည် လောင်းရ်ိပ်လည်း မျက်လုံးပြူးပီး ပါးစပ်လေးအဟောင်းသား ထို့နောက်ပြည့်ခွင်က ကတ်သရင်းကိုလောင်းရိပ်နားမှဆွဲခွာလိုက်ပီး လောင်းရိပ်ကိုသူ့ဘေးနားကခုံပေါ်မှာထိုင်စေလိုက်သည် ကတ်သရင်းကလောင်းရိပ်ကိုမျက်စောင်းထိုးရင်း
![](https://img.wattpad.com/cover/358446173-288-k21295.jpg)
YOU ARE READING
အစပြုခဲ့သောရင်ခုန်သံ (complete)
Non-Fictionမောင် ငယ့်ကိုချစ်တယ်ဆိုတာ ငယ်ဆိုတဲ့ဖြစ်တည်မှုကြောင့်ဘဲ ပြည့်ခွင်အာဏာ ငယ်ကြောက်တာက မောင်ငယ့်အပေါ်မှာ ရိုးသွားမှာကိုဘဲမောင် လောင်းရိပ်ငယ်