မဂ်လာဝတ်စုံအပ်ပီးပြန်လာတော့ လောသ်းရိပ်ကHot potစားမယ်ဆိုတာကြောင့် hotpotဆိုင်သို့ဝင်လာခဲ့သည်
"ငယ် ဧည့်ခံပွဲကိုသေးသေးလေးလုပ်ချင်တာသေချာလား မောင်က အကြီးကြီးလုပ်ချင်တာ "
ပြည့်ခွင်ကပြောလာတော့ လောင်းရိပ်ကအပြုံးလေးနဲ့ဘဲ တုံ့ပြန်လိုက်သည်
"မောင် ငယ်ပြောပြမယ်မဓ်လာပွဲလုပ်ဖို့ ကုန်မယ့်ပိုက်ဆံတွေကို မိဘမဲ့ဂေဟာနဲ့ မသန်မစွမ်းကျောင်းမှာလှူပေးလိုက်ရင် ဘယ်လောက်တောင်အကျိုးရှိမလဲ အဲ့ကြောင့် ဧည့်ခံပွဲသေးသေးလေးလုပ်ပီး အဲလိုကျောင်းတေမှာလှူပေးပါနော် မောင် "
လောင်းရိပ်ပြောလိုက်တော့ ပြည့်ခွင်ကခေါင်းငြိမ့်လျက်
"ဟုပါပီ ငယ်စိတ်တိုင်းကျဘဲ ဖြစ်စေရမယ် ဟုပီလား စားတော့ အေးကုန်တော့မယ် "
ထိုသို့ပြောပီး ငယ့်ထဲအားအသားများကိုရွေးထည့်ပေးနေလိုက်သည် ထိုစဥ်
"ဟဲ့ ဒါကဘယ်သူလေးလဲလို့ ကျောင်းတုန်းကအခြောက်လေးပါလား ဟားဟားဟား "
လောင်းရိပ် ထိုအသံကြောင့်ခေါင်မော့ကြည့်လိုက်ရာ ကျောင်းတုန်းကသူ့ကိုအခြောက်လေးဆိုပီ ဝိုင်းနှိမ်ကြတဲ့ တိမ်လွှာတို့အဖွဲ့ ထို့ကြောင့်သူလည်း မကြားချင်ယောင်ဆောင်ပီးအစားကိုသာငုံ့စားနေလိုက်သည် သူတို့နဲ့ရန်လည်းမဖြစ်တော့ပါ ပီးတော့ဘေးမှာကမောင်ကရှိနေသေးတယ်လေ မောင်ကလည်းမျက်နှာကပျက်နေပီ ချက်ချင်းပင်မောင့်မျက်နှာမှာဒေါသကြောင့်ခက်ထန်လာလေပီ
"ဘယ်လိုလဲအခြောက်လေးရဲ့ စကားတောင်မပြောနိုင်တော့ဘူးလား ဘာလဲ သူဌေးတယောက်ကိုချူစားနေတာလား "
လောင်းရိပ်ဒေါသအနဲငယ်တော့ထွက်လာလေပီ သူကအကျယ်ကျယ်နဲ့ဖြစ်ရမှာမို့စကားမပြောတာကိုသူ့ကိုကြောက်တယ်ထင်နေလားဘဲ တိမ်လွှာဆိုတာသူ့မိဘတေကစီးပွားရေးလုပ်ငန်းရှင်တေ ချမ်းသားတဲ့ထဲလဲပါတော့ သိပ်မောက်မာတာ ငယ်ထဲခုထျိန်ထိအဲကြောင့်သိပ်ပီးစကားမပြောခဲ့တာ လောင်းရိပ်ကကျောင်းတက်ထဲဆံပင်အရှည်ထားတာမို့ သူတို့ဘဲအခြောက်အခြောက်ခေါ်နေကြတာ