Part 24💖

2K 64 7
                                    

    မနေ့က ပြည့်ခွင်တို့အချစ်ပွဲက တာရှည်ခဲ့သည်မို့ ရင်ခွင်ထဲကအဖြူလုံးလေးက ခုထိနိုးမလာ ညကျ သူတို့ပီးပီးချင်း ငယ်က အိပ်ပျော်သွားတာမို့ ပြည့်ခွင်ကိုယ်တိုင် သန့်ရှင်းရေးလုပ်ပေး အဝတ်လဲပေး ပီးတော့ အိပ်ရာခင်းတွေပါတခါထဲလဲပစ်လိုက်သည် ပီးမှ ငယ့်ကို အိပ်ရာထက်ချသိပ်ပီး သူကိုယ်တိုင်လည်းဝင်အိပ်လိုက်သည် ခုတော့ငယ်က သူ့ရင်ခွင်ထဲမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည် ထို့ကြောင့်နိုးသွားမည်ဆိုး၍  လက်မောင်းပေါ်ကအသာချကာခေါင်းအုံးပေါ်တင်ပေးလိုက်ပီး သူထလိုက်သည်  ထို့နောက် ရေချိုးခန်းထဲဝင်ပီး ရေချိုးလိုက်သည် ဒီနေ့က မနက်ဖြန်မဂ်လာပွဲတွက်အဝတ်စားသွားကြည့်ရမည် သူရေချိုးခန်းထဲကထွက်ခဲ့တော့  ငယ်ကနိုးနေပီ

"အာ   ငယ် နိုးနေပီလား မောင်က မနက်စာပြင်ပီးမှနှိုးမို့ "

" အင်း နိုးနေပီ မောင့်ကို ကုမ္ပဏီ သွားပီထင်နေတာ "

ငယ်က အိပ်ရာထဲကသူ့ဆီသို့ထလာရင်းပြောသည်
အနားရောက်တော့ ရင်ခွင်ထဲအတင်းတိုးဝင်လာပီး လက်၂ဖက်က ခါးထက်တွငိသိုင်းဖက်လာတာကြောင့် ပြည့်ခွင် ကြောင်တောင်တောင်ဖြစ်သွားရသည် ထို့နောက်တွင်မှ ပြည့်ခွင်လည်းပြန်ဖက်လိုက်ပီး ပွယောင်းယောင်းဖြစ်နေသော ဆံပင်ကို ငုံ့နမ်းလိုက်သည် 

"ဒီနေ့ ကုမ္ပဏီ မသွားဘူး ငယ်နဲ့သွားစရာရှိတယ် ငယ်ရေချိုးလိုက် ပီးမှသွားကြမယ် "

"ဘယ်သွားမှာလဲဟင် မောင် "

လောင်းရိပ်က ခေါင်းလေးမော့ကြည့်ရင်းမေးလာသည်  ပြည့်ခွင်က ငယ်ရဲ့ နှာဖူးလေးပေါ်နမ်းလိုက်ကာ

" မနက်ဖြန် မဂ်လာဆောင်တွက် အဝတ်စားသွားကြည့်ရမှာလေ "

"ဟင်  မနက်ဖြန် ဟုတ်လား "

"အင်း  ဟုတ်တယ်လေ ဘာလို့လဲ "

" ဟင်  ငယ်တောင်ဘာမှမပြင်ဆင်ရသေးဘူး"

"ဘာမှပြင်ဆင်စရာမလိုတော့ဘူး မောင်ပြင်ပီးပီ အဝတ်စားလေးဘဲကျန်တော့တာ  ငယ်ကြိုက်မကြိုက်သိချင်လို့   "

"အင်းပါ အဲဆို ခဏစောင့် ငယ်ရေချိုးဦးမယ် "

"ဟုတ်ပါပီ အထဲမှာရေစပ်ထားခဲ့တယ်   အကြာကြီးမချိုးနဲ့  အအေးပတ်မယ် "

အစပြုခဲ့သောရင်ခုန်သံ  (complete)Where stories live. Discover now