In Us;
ပြည့်ခွင် သက္ကပို့ပေးလိုက်တဲ့ video file ကိုကြည့်ရင်း ဒေါသလည်းထွက်ရသလို စိတ်ထဲတွင်လည်းကြည်နူးမိသည် အကြောင်းမှာ ဟိုဘယ်ကမှန်းမသိတဲ့ကောင်ကိုသွားသတ်ချင်လောက်အောင်ဒေါသထွက်နေပေမယ့် ကိုယ့်ရဲ့ အသည်းအသက်လေးက စွာတေးလန်ပီး ကိုယ့်ကိုအားကိုးသောစကားပြောလိုက်ခြင်းကြောင့်ပင်
*ဟင်း ဟင်း ကိုယ့်ရဲ့ဒေါက်တာလေးက အစွာလေးဘဲ အဟက် ချစ်ဖို့ကောင်းလိုက်တာ *
"Cloud ငါ့ရုံးခန်းလာခဲ့ ခုချက်ခြင်း ""ဟုကဲ့ boss " မကြာလိုက် Cloud အပြေးအလွှားရောက်လာသည်
"ဒီမှာ ဦးကောင်းမြတ် ရှယ်ယာတွေကို လောင်းရိပ်ငယ်နာမည်နဲ့ လက်မှတ်ထိုးရမယ့်ဟာ ငါလုပ်ပီးပီ ပီးတော့ ဒီညနေငါပြန်မယ် ရှယ်ယာတွေလည်းငြိမ်နေပီဆိုတော့ နောက်လကုန်မှငါပြန်လာမယ် ""ဟုတ်ကဲ့ boss "
ပြည့်ခွင်သူ့ရဲ့ ဒေါက်တာလေးဆီပြန်ဖို့အရေး တာဆူနေသည် ဒီအချိန် မိုးယံဝင်လာသည်"Boss သက္ကဖုန်းဆက်ပါတယ် ..."ပြောမယ့်စကားမဆုံး လိုက် ပြည့်ခွင်ကဖြတ်ပီးမေးလာသည်
"ဘာ!!!! ဒေါက်တာဘာဖြစ်လို့လဲ သက္ကကိုဒေါက်တာ့ကို ဂရုစိုက်ဖို့မှာထားတာလေ သူကဘာလုပ်နေတာလည်း ဒေါက်တာတခုခုဖြစ်ရင် သူ့လည်ပင်းအပြတ်လို့ပြောလိုက် "
မိုးယံ ဘာမှမပြောနိုင်တော့ ဘုရားစူးဒါကဘယ်သူ့မှဂရုမစိုက်တတ်တဲ့ သူဌေးကြီးဦးပြည့်ခွင်အာဏာ ဟုတ်စ မိုးယံမှာအမြန်ဝင်ဖြေရှင်းရသည် မဟုတ်လျှင် boss ပြောတာနဲ့သက္ကက အသက်ရှိတော့မှာမဟုတ်ချေ
"boss ဟိုလေ သူဌေးလေးက ဘာမှမဖြစ်ပါဘူး ဟိုနေ့က mallသွားတုန်းက သူဌေးလေးက style pant လိုချင်တယ်လို့ပြောတယ်တဲ့ သက္ကကကြားလိုက်လို့ ကျွန်တော့်ကိုပြန်ပြောလို့ အဲဒါပြောပြတာပါ boss "
"အဲဒါ အစထဲကပြောပါလား သွားမယ် Shopping center ကို ကားထုတ်ထားလိုက် "
"ဟုတ်ကဲ့ boss"
မိုးယံမှာ ဘာမှအထွန့်မတက်ရဲ ဒီတိုင်းလေး မျက်နှာငယ်နဲ့ ရုံးခန်းအပြင်ထွက်လာခဲ့သည်
"မိုးယံ ဘာဖြစ်လာတာလဲ Boss ဆူလိုက်တာလား"
ဝဏ္ဏ ကမေးလာသည် ဝဏ္ဏကို မိုးယံသဘောကျတာ အဲဒါတွေကြောင့်ပါ မိုးယံမျက်နှာအရိပ်ခြေကို လိုက်ကြည့်တတ်သူတယောက်