လောင်းရိပ်သတိရလာတော့ ဘေး၌ ဟိုလူကြီးကအိပ်နေသည် ငါကဘယ်ရောက်နေတာလဲ ငါ့အခန်းလည်းမဟုတ်ပါဘူး ဒီလူကြီးသူ့အိမ်ခေါ်လာတာလား
မဟုလောက်ပါဘူး စဥ်းစားနေရင်းနဲ့ပင် ဘေးကဟိုလူကြီးနိုးလာသည်"ငယ် သတိရလာပီလား ကိုယ့်ကိုတော့မနိုးဘူး သက်သာလား ဘယ်လိုနေသေးလဲ "
"မေးခွန်းတွေကလည်းများလိုက်တာ "
"အာ sorry ကိုယ်လောသွားတယ် "
"ခုက ဘယ်မှာရောက်နေတာလဲ "
"ကိုယ့် villaမှာ ဘာလို့လဲ "
လောင်းရိပ် မျက်လုံးများပြူးကျယ်ကုန်သည် villa
ဘယ်လိုတောင်သူ့Villa ကိုခေါ်လာတာလည်း
လောင်းရိပ်ထဖို့ပြင်လိုက်သည်"အိမ်ပြန်မယ် အိမ်မှာအမေတယောက်ထဲ စိတ်ပူနေမှာ "
ပြည့်ခွင်ရယ်လိုက်မိသည် အဖြူလုံးလေးကသူ့ကို ဒီမှာခေါ်ထားမှာကို ဘယ်အိမ်ပြန်ချင်နေတာလဲ"အန်တီက ဒီအိမ်မှာဘဲ ငယ်တို့ ဒီအိမ်မှာဘဲနေရတော့မယ် အန်တီရော ငယ်ရော အပြင်မှာစိတ်မချဘူး "
လောင်းရိပ်မှာ ပါးစပ်အဟောင်းသား မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ သူ့အားမော့ကြည့်လာသူကို ပြည့်ခွင့်အသဲယားလာသဖြင့် မျက်နှာနားထိ တိုးကပ်၍ နှုတ်ခမ်းလေးအား ဖျက်ခနဲ နမ်းလိုက်သည်
ချိုလိုက်တာ ဂျယ်လီတုံးလေးလို နူးညံ့ပီးအိအိစက်စက်လေး ထိုအခါမှ လောင်းရိပ်အသိဝင်လာကာ သူ့နှုတ်ခမ်းကို လက်နဲ့အုပ်လိုက်မိသည် မျက်နှာမှာလည်း ပူတက်လာသလိုခံစားရသည် နားရွက်ဖျားဆီထိ နီရဲနေတော့မှာအမှန် ရှက်ရမ်း ရမ်းကာ"ခင် ခင်များ !! ဘာလို့လာနမ်းတာလဲဗျ "
"ငယ်က ကိုယ့်ရှေ့မှာအသဲယားအောင် လုပ်ပြနေတာကို ကိုယ့်ကိုမြူစွယ်နေသလိုဘဲ "
"ဘယ် ဘယ်သူက မြူစွယ်လို့လဲ သွားဗျာ ခင်များ"
"......" ပြည့်ခွင်မှာတော့
"ဒါ ကိုယ့်အိမ်လေ ကိုယ်က ဘယ်သွားရမှာလဲ "
" ကျွန်တော့်မှာ အလုပ်မရှိတော့ဘူး ကျွန်တော်ကငယ်ငယ်လေးထဲက အတော်ဆုံးခွဲစိတ်ဆရာဝန်ဖြစ်ချင်ခဲ့တာ ခုတော့ ကျွန်တော့်အိမ်မက်တွေ ဟင့်ဟင့် ဟင့် "