ပြည့်ခွင်အာဏာနှင့်ကတ်သရင်းတို့မှာ လောင်းရိပ်ငယ်ကိုအသဲသန်လိုက်ရှာနေသည် ရန်ကုန်မြို့ရဲ့ဘယ်နေရာမှာမှ ရှာလို့မတွေ့ ပြည့်ခွင်တယောက်ဒေါသတွေကထိန်းလို့မရ သူ့ညီမဖြစ်သူကိုလည်းဒေါသထွက်ပေမယ့် ဘာမှမပြောနိုင် မတွေ့မချင်းလည်းရင်ပူတာတွေကသက်သာမှာမဟုတ်
"မိုးယံ နဲ့ ဝဏ္ဏ ရန်ကုန်မှာမတွေ့ရင် ပဲခူးဘက်ကိုသွားရှာ အဲမှာရှိလိမ့်မယ်ထင်တေ သူ့ဖုန်းကလည်းပိတ်ထားမို့ GPS ကလည်း ရှာလို့မရဘူး ငါကိုယ်တိုင်လိုက်ရှာမယ် ခုချက်ချင်း "
ပြည့်ခွင်ကချက်ချင်းလို့ပြောတော့ မိုးယံနဲ့ဝဏ္ဏလည်းချက်ချင်းကားပြင်တော့သည် ထိုအခါ ကတ်သရင်းက
"ပြည့်ခွင် ငါရောလိုက်မယ် "
"နေခဲ့ ကတ်သရင်း!! ငါဒေါသမထွက်ချင်ဘူး "
ပြည့်ခွင်အော်တော့ကတ်သရင်းတောင့်ခနဲရပ်လိုက်မိသည်
"အေးပါ တွေ့ရင်တော့ငါ့ကိုပြောနော် "
မျက်နှာငယ်လေးနဲ့ကတ်သရင်းပြောလိုက်တော့
"အင်း "
ပြတ်ပြတ်ပြောပီး ချက်ချင်းပင်ထွက်လာလိုက်သည် ကားပေါ်တွင်အသင့်စောင့်နေသော မိုးယံနှင့် ဝဏ္ဏကစောင့်နေသည် ဒေါ် ခနောင်းရိပ်ကလည်း အရမ်းစိတ်ပူပီး နှလုံးပြန်ဖောက်လာသဖြင့် ဆေးရုံပင်တင်လိုက်ရသည်ထိ ဒီရက်ပိုင်းလောင်းရိပ်ကိုပြန်ရှာတွေ့မှဖြစ်မယ် *ငယ်ရေ ဘယ်ရောက်နေတာလဲကွာ *
ထို့နောက် ကား၃စီးနှင့်ပဲခူးသို့ထွက်လာလိုက်သည်###
တဖက်တွင်လည်း
"ကိုသီဟအောင် ကျွန်တော့်ကိုဘယ်တော့လွတ်ပေးမှာလဲ ဘယ်ချိန်ထိ သံကြိုးတွေခတ်ထားမှာလဲ ဟမ်!!!!"
လောင်းရိပ်အော်သံက အခန်းထဲတွင်ကျယ်လောင်စွာ
ထွက်ပေါ်လာသည် သီဟအောင်အပြင်ကနေပင် အသံကျယ်ကြီးကိုကြားလိုက်ရသည် ထို့ကြောင့် အခန်းထဲငို့ဝင်လိုက်သောအခါ သူ့ထံသို့ရောက်လာတာ ပန်းအိုးပျံတလုံး သူ့နဖူးထက်သို့ခွပ်ကနဲ သူလည်း ရုတ်တရက်မို့မရှောင်လိုက်မိလိုက် ကိုယ့်အသားနာသွားသည်မို့ ဒေါသကထောင်းကနဲ