ပြည့်ခွင်ရဲ့ Zoom meeting စနေတာဟာ ညနေ၆နာရီထဲက အချိန်မတူတာမို့ Usရဲ့ meeting ချိန်က မြန်မာပြည်မှာညနေဘက် ပြည့်ခွင်meeting တက်နေချိန် လောင်းရိပ်က ကုတင်ပေါ်မှာ လှဲအိပ်နေသည် သူ့ကိုလည်းမနှောက်ယှက်ချင်တာကြောင့် လှဲဘဲနေလိုက်သည် ညနေထမင်းစားပီးထဲကဗိုက်ကတဆစ်ဆစ် သို့ပေမယ့် မောင့်ရဲ့အလုပ်ပျက်သွားမှာစိုးတာကြောင့်ဘာမှမပြောဘဲ နေနေလိုက်သည် ခုချိန်ထိတဆစ်ဆစ်နာနေတုန်း ဗိုက်နာတာကနဲနဲပိုလာသည် မောင့်meeting ကမပီးသေး ဗိုက်ကတဖြည်းဖြည်းနာလာကာအဲကွန်းခန်းမှာပင်ချွေးတွေကအများပြားထွက်နေသည် ထို့ကြောင့်တဖက်လှည့်လိုက်ကာ ဗိုက်ကပိုပီးနာလာတာကြောင့်
"အာ့ မောင် မောင်ရေ ဗိုက် ဗိုက်နာတယ် အာ့ "
ပြည့်ခွင်meeting လုပ်နေရင်း ငယ့်အသံကြောင့် ချက်ချင်းmeeting offလိုက်သည် ထို့နောက်ငယ့်အနားသွားကာ
"ငယ် ဗိုက်နာတာလား "
"အင်း ညနေထဲက အာ့ နာတယ် မောင် "
"due date လိုသေးတာကိို မိုးယံ!!! ဝဏ္ဏ!!!! ကားပြင်ထား ဆေးရုံသွားမယ် "
ဖုန်းချပီး ငယ့်နားပြန်သွားကာ"ငယ် မောင်ချီမယ် ခဏနော် "
ပြောပီး ငယ့်ကိုချီလိုက်ကာ အောက်သို့ဆင်းလိုက်သည် ထို့နောက် ကားပါကင်သို့သွားကာ
"မိုးယံ ငယ် ဗိုက်နာနေတာ ဆေးရုံမောင်း "
"မောင်ရေ မြန်မြန်မောင်းပါ ငယ် နာနေပီ အာ့ "
လောင်းရိပ်ကဗိုက်နာလာတာကြောင့် အော်ငိုတော့သည်
"ငယ် ခဏလေးနော် ရောက်တော့မယ် ကိုက်လိုက် မောင့်ပုခုံးကိုကိုက်လိုက်နော်နာရင် မိုးယံ အကုန်ကျော်တက်ကွာ "
ပြည့်ခွင် ငယ့်ပုံလေးကိုကြည့်ကာခြေမကိုင်မိလက်မကိုင်မိ ရှေ့ကမောင်းနေတဲ့မိုးယံနဲ့ဝဏ္ဏမှာလည်း အတတ်နိုင်ဆုံးထိန်းမောင်းနေရ
"မိုးယံ မြန်မြန်မောင်းကွာ "
"ဟုတ်ကဲ့boss "
မိုးယံလည်းတွေ့သမျှကားကျော်တက်လာကာ တေည်သေးတာက ညဘက်မို့ကားသိပ်မရှိ ၁၅မိနစ်လောက်မောင်းပီးဆေးရုံသို့ရောက်လာသည် ဖုန်းကြိုဆက်ထားတာကြောင့် ပရော်ဖက်ဆာကိုယ်တိုင်စောင့်နေတာမို့တော်သေးသည်