Part 21💖

2.3K 72 4
                                    

   "မောင် "

လောင်းရိပ်အားကိုးရာကိုတွေ့သွားရသလို စိတ်တွေကိုအဆုံးထိလျော့ချပစ်လိုက်သည်  ပြည့်ခွင် လောင်းရိပ်၏ကိုယ်လေးကို ပွေ့ကာထိန်းလိုက်သည်

"ငယ် အဆင်ပြေရဲ့လား ဘာဖြစ်သွားသေးလဲ "

ပြည့်ခွင်စိုးရိမ်တကြီးမေးတော့ ရင်ခွင်ထဲကနေခေါင်းခါပြသည် ထို့နောက် ရင်ခွင်ထဲခေါင်းတိုးကာရှိုက်ကြီးတငင်ငိုတော့သည်

"ဟင့် မောင်ကဘာလို့ကြာနေတာလဲ ငယ်က ကြောက်နေတာ ဟင့် အင့် ငယ့်ကိုပစ်ထားတား အီးဟီး သူ့ကိုကြောက်နေတာပါဆို မောင်က ဟင့် အင့် " 

လောင်းရိပ်မှာစကားရှေ့မဆက်နိုင်အသည်းသန်ငိုနေသည်

"မငိုပါနဲ့ငယ်ရယ် မောင်တောင်းပန်ပါတယ်မောင်နောက်ကျတာနော်  မငိုနဲ့တော့နော် ငယ်ကိုတာမောင်ရင်တေနာလို့ပါ "

ပြည့်ခွင်လောင်းရိပ်ကိုချော့နေရသည် ငယ်ဘယ်လောက်တောင်ကြောက်နေရှာမလဲ

"မငိုနဲ့တော့နော် ခုပြန်မယ် နော် ငယ်"

ပြည့်ခွင်ပြောပီး ရင်ခွင်ထဲမှဆွဲထုတ်လိုက်သည်  ပီးမှ  သူ့coatအား လောင်းရိပ်အား ခြုံပေးလိုက်သည် coatအကျီကသူနဲ့တောင် နဲနဲကြီးနေသည်မို့ လောင်းရိပ်နဲ့ကျတော်တော်ကိုကြီးနေလေသည်

"အင်း အိမ်ပြန်ချင်နေပီ  ငယ်အရမ်းပင်ပန်းနေပီ"

"ဟုပီ  ပြန်မယ်နော် "

ပြည့်ခွင် ငဟ့်ကိုပြောပီး  မိုးယံတို့ကိုခေါ်ကာ

"မိုးယံ ဝဏ္ဏ သူ့ကို ဘယ်လိုလုပ်ရမလဲသိတယ်မလား လုပ်စရာရှိတာဆက်လုပ်ထားလိုက်တော့ ငါအရင်ပြန်နှင့်မယ့် သက္ကကို ငါခေါ်သွားမယ် "

"ဟုတ်ကဲ့ boss "

ပြည့်ခွင်ပြောပီးသည်နှင့် လောင်းရိပ်အား ဒူးအောက်ကနေလက်လျိုပီး  ပွေ့ချီလိုက်သည် ပင်ပန်းနေ၍လားမသိ လောင်းရိပ်ကအလိုက်သင့်လေးပါလာသည် ခေါင်းလေးကိုလည်း ပြည့်ခွင်၏ရင်ဘတ်၌ အပ်ထားသည်  ဘယ်လောက်တောင် အားငယ်နေမလဲ  ပြည့်ခွင်လည်း  သက္ကဖွင်း ထားပေးသောကားထဲသို့   ပွေ့ချီလျက်သားပင်ဝင်ထိုင်လိုက်သည် ပြည့်ခွင်က ချပေးဖို့အစီစဥ်မရှိသလို လောင်းရိပ်ကလည်းအောက်ဆင်းထိုင်မည့်ပုံမပေါ် ထို့ကြောင့်ပင် ပွေ့ချီ၍သာ  မောင်းခိုင်းလိုက်တော့သည်   လောင်းရိပ်လည်း ပြည့်ခွင်၏ရင်ခွင်ထဲမှမဆင်းတချက်တချက်ရှိုက်သံထွက်နေသေးသည်

အစပြုခဲ့သောရင်ခုန်သံ  (complete)Where stories live. Discover now