Unicode [အမှာစာနှင့်မိတ်ဆက်]
သော်တာမဏိဝေ -
" ပြဿနာပေါင်းတစ်သောင်းခြောက်ထောင်ကို မြိုချပြီးဘဝကို ပြုံးပြုံးလေးပဲ ဖြတ်သန်းတယ်လေ၊မကျေနပ်စရာလည်းဘာရှိလို့လည်း.."
သက်နှင်းဝဒီ -
"ဘဝကတိုတိုလေးပေမယ့် အရမ်းပင်ပန်းတာပဲ ဒါမဲ့ပြည့်စုံနေတဲ့ကျွန်မဘဝလေးကိုကျေးဇူးတင်မိပါတယ်လေ.."
[introducing myself][ကတ္တရီ၏မိတ်ဆက်]
Hello •-•!! ပထမဆုံးရေးတဲ့ Fic လေးတစ်ပုဒ်ဖြစ်တယ်ပေါ့နော်။စစရေးချင်းမို့လို့ အမှားပေါင်းများစွာလည်းပါနေနိုင်ပါတယ်။အရမ်းလည်းစိတ်လှုပ်ရှားပါတယ််၊GL ရေးမှာဖြစ်လို့ ကတ္တရီရေးလိုက်လို့ GLကိုအမြင်စောင်းသွားမှာလည်းမလိုလားပါဘူးနော်။ကတ္တရီ ကိုယ်တိုင်ကလည်း အသက်မပြည့်သေးပါဘူး။အဲ့တာကြောင့်ပုံမှန်လေးပဲရေးထားတာပါ၊သူငယ်ချင်းတွေကိုလည်းဖတ်ခိုင်းစေချင်တာနဲ့ရေးဖြစ်သွားတာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့ ကျောင်းသားဘဝကစတဲ့မေတ္တာနဲ့သံယောဇဥ်လေးကိုပဲရေးသားထားတာပါနော်။ဇာတ်လမ်းထဲမှာပါဝင်သမျှတွေကလည်း စိတ်ကူးယဥ်တွေပဲတော့မဟုတ်ဘူးပေါ့ ကတ္တရီ ကိုယ်တိုင်လည်း ဆယ်ကျော်သက်အရွယ်မှာ
သဘောကျဘူးတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်၊သူနဲ့ကတော့သူငယ်ချင်းတွေပါ ဒါမဲ့ အဖြစ်အပျက်လေးတွေကြောင့် မခေါ်မပြောနိုင်ဖြစ်ခဲ့ကြရင်း ခုဆို ဝေးသွားတာ ၂နှစ်နီးပါးရှိသွားပါပြီ။ကျောင်းကွဲသွားတာလည်းပါမယ်ထင်ပါရဲ့ ဒါမဲ့နောက်တော့သူ့ဆီပြန်သွားဖို့စဥိးစားထားပါတယ်။သူနဲ့အရင်က ဖြစ်ဘူးတဲဲ့မမေ့နိုင်တဲ့အမှတ်တရတွေလည်းထည့်ရေးထားတာပါတယ်၊သူနဲဲ့
ကိုယ့်လိုတော့ဇာတ်သိမ်းမဟုတ်လောက်ပါဘူးနော်။ဇာတ်ကောင်နာမည်တွေကိုတော့ ပေါ်လာတာလေးတွေချရေးရင်း လှတဲ့နာမယ်လေးတွေထည့်ထားတာပါနော် Copy ယူထားတာတွေလည်းမရှိပါဘူး Copyထားမိသွားသလိုဖြစ်ရင်လည်းအထူးတောင်းပန်ပါတယ်ရှင်။ကြိုးစားပြီးရေးသားသွားပါတယ်နော် ♡..။-ကတ္တရီနှင်း
_________Zawgyi [အမှာစာနှင့်မိတ်ဆက်]
သော်တာမဏိဝေ -
သက်နှင်းဝဒီ -
________