Unicode [အပိုင်း-၅]
အတန်းထဲဝင်သွားတော့ စောသေးလို့နှင့်တူပါတယ် မည်သူမျှမရှိသေး။
"နင်ဘာလို့အစောကြီးလာတာ ခုမှ ၇နာရီပဲရှိသေးတယ်"
"နင်လာနေကြအချိန်သိချင်လို့ပေါ့ဟ"
"နောက်ကြရင်မလာနဲ့..ငါတစ်ယောက်တည်းနေချင်လို့စောလာတာ"
"နင်ကလည်း.."
သက်နှင်းဝဒီ ငိုမဲ့မဲ့ပုံလေးနှင့်လုပ်ပြတော့ သော်တာမဏိဝေ နေရခက်သွားသည်။
"ဟာ..လာ လာ နော်"
"ဟီးဟီး ဒီလိုမှပေါ့"
သက်နှင်းဝဒီ၏ ညီညာနေသော သွားတန်းလေးများပေါ်သည်အထိပြုံးပြလိုက်သည်။
ဒီ၁လအတွင်း သော်တာမဏိဝေနှင့်သက်နှင်းဝဒီတို့ ၂နှစ်ယောက် ပိုမိုရင်းနီးလာပြီး တစ်ယောက်ကိုတစ်ယောက်ကာကွယ်ပေးသည့် အဆင့်တွေထိိရောက်ရှိလာသည်။သော်တာမဏိဝေမှာလည်း သက်နှင်းဝဒီစကားအားနားထောင်ပြီး တော်တော်တောင်လိမ္မာနေပြီဖြစ်သည်။သော်တာမဏိဝေ၏ရင်ဖွင့်ရာမှာသက်နှင်းဝဒီဖြစ်သလို သက်နှင်းဝဒီရင်ဖွင့်ရာမှာလည်း သော်တာမဏိဝေပင်ဖြစ်သည်။
"သော်တာမဏိဝေ!!"
"နည်းနည်းပဲ"
သူ့နည်းနည်းကလည်း တစ်ဝက်တောင်ကြိုးသွားပြီ။ရေခဲမုန့်ဆိုင်မှာကြတော့မစားဘူးဆိုပြီး လမ်းရောက်မှဘာထဖောက်တာလည်းမသိဘူး။
ရေခဲမုန့်ကန်တော့အားလု၍အတင်းလိုက်စားနေသော သော်တာမဏိဝေအား သက်နှင်းဝဒီစိတ်တိုတိုဖြင့် ထားခဲ့ကာ ထွက်လာခဲ့သည်။
"နေဦးလေ စောင့်ဦးလေဟ"
"မစောင့်ဘူး!!နေခဲ့လိုက်"
သူမ လက်အားအတင်းလိုက်ဆွဲတော့မှ ကိုယ့်အားလှည့်ကြည့်သည်။ရေခဲမုန့်စားချင်သည်ဆိုလို့ ဆိုင်သွားပြီး ကိုယ်မစားဘဲ တမင်သက်သက်သူမအား စဖို့ ကိုယ့်အတွက်မဝယ်ဘဲ တစ်ခုတည်းဝယ်လိုက်သည်ဖြစ်သည်။သူမကို ခုတစ်လော အရမ်း စ လို့ကောင်းနေသည်။