Unicode [အပိုင်း-၁၀]
သူ့ကိုယ်သူဘာလုပ်မိမှန်းမသိသည့် သက်နှင်းတစ်ယောက် ဘုရားစင်ရှေ့သို့သွားပြီး ဆုတွေတောင်းနေလေသည် အမေကထွက်လာတော့ သက်နှင်းကိုကြည့်၍ကြောင် အအဖြစ်နေလေ၏။
"တပည့်တော်ကို ဘုရား..ယခုဖြစ်သွားသော ကိစ္စ၏အကြောင်းအမှန်ကိုသိရပါလို၏"
မျက်စိတွေမှိတ်ပြီး ဆုတောင်းနေသောသက်နှင်းတစ်ယောက် ဘုရားခန်းအပြင်မှရပ်ကြည့်နေသော အမေ့အားမြင်ပြီး..
"အမေ အမေသမီးမေးဦးမလို့"
"အမလေး မေးပါ့တော်"
အခန်းထဲတောင်မဝင်နိုင်ဘဲ ဘုရားခန်းရှေ့မှာတင် အရေးတကြီးမေးနေသော သက်နှင်းအား အမေကြည့်၍ပြုံးနေလေသည်။
"လူတစ်ယောက်ကို ကိုယ်သဘောကျတဲ့လူအကြောင်းပြောတာမှားလား"
"မမှားပါဘူး ဘာလို့"
"သူ့ကိုပြောပြလိုက်တာ သူက တစ်မျိုးဖြစ်သွားတယ်ဆိုရင် အဲ့တာဘာလို့လည်း"
"အော်..သမီးကဘယ်လိုပြောမိသွားလည်း ဒါမှမဟုတ် သူက အဲ့ပြောတဲ့သူကို သဘောကျနေလို့နေမှာပေါ့"
"ဟာ..မဖြစ်နိုင်တာ"
"အဲ့တာဆိုလည်း တစ်မျိုးနေမှာပေါ့ ဘာစိတ်ကူးတွေပေါက်သွားတာတုန်း မိဝဒီရေ.."
"အဖေ့ကိုပဲ သွားမေးတော့မယ်"
"သဘောပါတော်.."
အမေ့ကိုထားခဲ့ပြီး အဖေရှိရာအခန်းဆီသို့..၊အခန်းထဲဝင်သွားတော့ အဖေကကုတင်ပေါ်တွင်ဖုန်းသုံးနေသည် ကုတင်ပေါ်ကိုပြေးတက်လာတဲ့သက်နှင်းကိုမြင်တော့ ဖေဖေကဖုန်းကိုဘေးချပြီး သက်နှင်းကိုကြည့်လေသည်။
"အဖေ့ကိုမေးစရာရှိလို့.."
"မေး"
"လူတစ်ယောက်ကို ကိုယ်သဘောကျတဲ့လူအကြောင်းပြောလိုက်တာ သူက စိတ်တိုသလိုဖြစ်သွားတယ်ဘာလို့လည်း"
အဖေက သက်နှင်းအပြောကိုကြည့်ပြီးရယ်လေသည်၊ဘာကိုတွေးရယ်မှန်းလည်း သက်နှင်းမသိ။