Unicode [အပိုင်း - ၁၄]
အပြန်ပြည်ချစ်ဘုရားကိုပါဝင်ဖူးခဲ့သေးသည်။လူတွေကကြားရက်မို့လို့လူရှင်းနေပြီးကောင်းကင်မှာလည်းကြည်လင်နေ၏။အိမ်အပြန်ဖွားက အိမ်ရှေ့မှာပဲချပေးခဲ့တယ် ညနေစောင်းနေပြီဖြစ်လို့ မှောင်ကာစပျိုးနေသည်။အိမ်တံခါးသော့ဖွင့်ကာ အပေါ်ထပ်သို့တက်လာပြီး ပူပျင်းလှတဲ့မြန်မာ
အင်္ကျီကြီးကိုချွတ်ကာ ရေချိုးခန်းထဲသို့..။ရေပန်းအောက်ထဲ၌အလွန်စိတ်သက်သာယာရသည်။မြန်မာအင်္ကျီကိုကြိုက်ပေမယ့် ပူနေတာကြီးကိုမနှစ်သက်။ခေါင်းပါတစ်ခါတည်းလျှော်ပစ်လိုက်သည်၊ရေချိုးခန်းထဲမှပြန်ထွက်လာတော့ ၆နာရီခွဲနေလေပြီ။ဆောင်းရာသီဝင်ကာစမှစ၍၆နာရီဆိုလျှင်မှောင်စပျိုးနေလေပြီ။ခေါင်းကိုခြောက်အောင်သုတ်ပြီး အားသွင်းထားသည့်ဖုန်းကိုယူကာ ဖုန်းကောလ်တွေထဲဝင်ကြည့်မိသည် ဖေဖေသို့မဟုတ်မေမေများဖုန်းခေါ်ထားမလား ဆိုသည့်အတွေးနှင့်။
သို့သော် ဘယ်သူမှမခေါ်ထားချေ၊မွေးနေ့တောင်မေ့နေလားမသိ။Facebookထဲမှာတော့ Happy Birthday ပြောပေးသည့် အမျိုးတွေနှင်သူငယ်ချင်းအချို့ကို ကျေးဇူးတင်ကြောင်း Comment ဝင်ရေးနေစဥ် သက်နှင်းမပါကြောင်း သတိထားမိသွားသည်။
"သူတကယ်မေ့နေတာလား..ဟူး.."
သက်ပြင်းချမိသွားသည်..။သော်တာ စိတ်တွေအလွန်ညစ်သွားလေ၏။
"ငါကသူ့အတွက်ဘာမှမဟုတ်တာလေ သူကမှတ်ထားစရာလားနော့်"
ပြတင်းပေါက်အပြင်မှကြယ်တွေကိုကြည့်ရင်း စကားပြောနေရှာသည်။
"ဒါမဲ့သူမှတ်ထားသင့်တယ်ဟာ.."
ပြောချင်တာတွေပြောပြီးခေါင်းအုံးနဲ့ဖက်အုံးတွေကို ကြမ်းပြင်သို့ပစ်ချလိုက်သည်၊စိတ်တွေလည်းပေါက်လာပြီး ငိုချင်လာသည်။နောက်စိတ်ငြိမ်အောင် Air Pod လေးယူကာ Moral of the story လေးနားထောင်ရင်း မွေးနေ့တွင် ထိုင်ဖီးလ်နေရသည့် သော်တာတစ်ယောက်။
"You can think that you're in love.When you're really just in pain"
[မင်းတကယ်နာကျင်နေတဲ့အချိန်မှာ၊မင်းချစ်မိနေတယ်လို့ယူဆလို့ရပါတယ်]