Unicide[အပိုင်း-၄]
ဇင်ရွှေနဲ့မေဝါတို့ပြောသလို ငါဘာလို့သူ့အနားသွားထိုင်မိတာပါလိမ့်။အတွေးကမ္ဘာထဲနစ်မြုပ်ရင်း အမေကော်ဖီလာပို့မှသိသွားတယ်။
"မေမေ့ သမီးမေးစရာရှိလို"
"မေး"
"လူတစ်ယောက်နားကို ချက်ချင်းကြီး သွားနေတဲ့လူကဘာလို့လည်း"
"အကြောင်းအမျိုးမျိုးရှိတယ်လေ"
"သူငယ်ချင်းနဲ့ဆိုရင်ရော"
"သူက ဆိုးတယ်ထားဦး။သူ့ကိုကောင်းစေချင်လို့၊ပြုပြင်ပေးချင်လို့၊တစ်နည်းအားဖြင့်ပြောရရင်ဂရုသွားစိုက်ပေးတာ"
"ဘာလို့လည်း"
"အော်..၅၂၈ နဲ့ရှိသလို ၁၅၀၀ ကြောင့်လည်းဖြစ်နိုင်တာပဲ"
"ဟမ်??"
"မေတ္တာစစ်စစ်နဲ့ကွာ ဂရုစိုက်တာက မေမေတို့နဲ့သမီးလိုပေါ့ မိဘတွေကသားသမီးတွေကို မေတ္တာရှိတယ်လေ လူတွေမှာလည်း သူတို့မေတ္တာရှိတဲ့လူဆိုတာရှိတာပဲ ဘာတဲ့ မေတ္တာသက်ဝင်နေလို့ပါဆိုတာလေ.."
မေမေကပြောရင်း ထရယ်သည်။
"ချစ်မချစ်ဘယ်လိုခွဲခြားလို့ရလည်း"
"သမီးရယ် အချစ်ဆိုတာက ဖုံးကွယ်ထားလို့မရဘူး၊တစ်ချို့တွေက ချစ်မိမှာဆိုးလို့မုန်းယောင်ဆောင်တဲ့သူတွေရှိတယ်၊သူတို့ကကြတော့ မဖြစ်နိုင်တဲ့အဆုံးပေါ့ ချစ်ရတဲ့သူကို မုန်းဟန်ဆောင်တာကြီးက မလွယ်ပါဘူးကွယ်..မေမေအသိဆုံးလို့ပြောရမလား အရင်ရည်းစားတွေကိုပြတ်မယ်ဆိုရင်မုန်းဟန်ဆောင်ပစ်ရတာ.."
အမေကသူ့ဟာသူပြော သူ့ဟာသူရယ်၊ချစ်မိနေပြီလား ဆိုပြီးမေးခွန်းကိုထုတ်နေတာသက်နှင်းဝဒီပင်ဖြစ်သည်။
"မေမေ သမီးမိန်းကလေးတစ်ယောက်နဲ့ယူရင် မေမေဘာပြောမှာလည်း"
"မေမေကအဲ့လိုလူတွေထဲမပါ ပါဘူးရယ်..အချစ်ဆိုတာခေါင်းစဥ်တစ်ခုပါပဲ။ဘုရားဟောထားတဲ့ထဲမှာတော့ ကမ္ဘာကိုပျက်စေမယ့်အရာတွေထဲမှာ လိင်တူချစ်ကြိုက်ကြတဲ့သူတွေပါတယ်..။ဒါမဲ့လည်းသမီးရယ် ချစ်မိရင် ဘယ်တက်နိုင်တေ့ာမလည်း။"