(၂၀)

426 16 0
                                    

Unicode [အပိုင်း-၂၀]

"ပြောရရင်..ဘာဖြစ်လည်း"

"မနှစ်ကနင်ပြန်သွားပြီးလေးရက်လောက်နေတေ့ာကွာ အမ်မလီယာကို ငါဖွင့်ပြောမလို့ မဟုတ်ဘူး ငါ့ခံစားချက်လေးကိုပဲသိခိုင်းစေချင်တာကွာ"

ပြောရင်းခင်ယွန်းအိမ်မျက်အိမ်၌မျက်ရည်များသီနေသည်ကို ​သော်တာသတိထားမိပါ်​သော်လည်း ဘာမှမပြောမိ။

______

နယူးဇီလန်မြို့.. မေလ။

​​ဒေါက် ​ဒေါက် ​ဒေါက်

"ခင်ယွန်း အ​ရှေ့မှာဧည့်သည်လာတယ်ထင်တယ်"

"ဟုတ်"

ခင်ယွန်းအိမ်တို့၏မိသားစုမှာအလွန်ချမ်းသာ​သော​ကြောင့် စံအိမ်​တော်ကြီးအထိပါဝယ်နိုင်ကြသည်၊ထို​နေ့တွင် အညို​ရောင် ​ဂျင်း​ဘောင်းဘီနှင့်အင်္ကျီလက်ရှည် အသား​ရောင်​လေးကိုဝတ်ဆင်ထားပြီး အိမ်​ပေါ်ထက်မှ​ပြေးဆင်းလာကာ တံခါးကိုဖွင့်လိုက်​တော့ အမ်မလီယာဖြစ်​နေသည်။အမ်မလီယာသည် ခင်ယွန်းကိုမြင်​​တော့ စိတ်​တွေလှုပ်ရှား​နေသည့်ဟန်ဖြင့်အပြင်ခဏလိုက်ရန် ​ခေါ်သည်။

ခြံထဲ၌အဖြူ​ရောင်ဒန်း​လေး​ပေါ် ခင်ယွန်းနှင့်အမ်မလီယာတို့နှစ်​ယောက်ထိုင်ကြပြီး ​ခင်ယွန်းမှာ​တော့စကားမစ​သေး​ချေ။အိမ်သည်​တောင်ကုန်း​ပေါ်၌တည်ရှိသည်မို့ ​နေဝင်ချိန်ကိုလည်း ​ကောင်းစွာမြင်​နေရသည်၊လိ​မ္မော်​ရောင်သန်း​နေပြီဖြစ်​သော ​နေလုံးကြီးကိုသာ ခင်ယွန်းကြည့်​နေမိသည် ထိုချိန်။

"K you know?"
[K နင်သိလား]

"What?"
[ဘာကိုလည်း]

"he proposed me today"
[သူငါ့ကိုဒီ​နေ့ဖွင့်​ပြောတယ်]

"Who ?"
[ဘယ်သူလည်း]

ခင်ယွန်းအိမ်သည်အခြားသူနှင့်ဆို စကား​တွေအများကြီး​ပြောတက်​သော်လည်း အမ်မလီယာနှင့်ရှိချိန်တွင် စကားကိုလိုရင်းသာ​ပြော​လေရှိသည်။အခုချိန်မှာ​တော့လိုရင်းသာ​မေး​နေ​သော်လည်း မသိစိတ်ထဲတွင် လန့်တဖြန့်ဖြန့်​ဖြစ်​နေသည်။

"Jame!!"
[ဂျိမ်း​လေ]

အမ်မလီယာမှာ​တော့အ​ပျော်ဆုံးအချိန်ဖြစ်​နေပြီး ခင်ယွန်းအိမ်မှာ​တော့ ကမ္ဘာပျက်ချိန်ကြုံကြိုက်​နေရသည်။ဒီအချိန်သည် ​နောက်ဆုတ်​ပေးဖို့အ​ကောင်းဆုံးအချိန်ဖြစ်​လေသည်၊သို့​သော်လည်း မသိစိတ်မှာပိုင်ဆိုင်လို​လေစိတ်ပျင်းပြ​နေသည်၊သို့​သော်မတက်နိုင်၊ကံတရားစီမံရာသာလိုက်ရန်အဆင်သင့်ပြင်ရ​တော့မည်။

အသက်တည်ရာWhere stories live. Discover now