(၁၈)

378 14 0
                                    

Unicode [အပိုင်း - ၁၈]

ခြံဝင်းတံခါးမှာတော့ဖွင့်ထားသေးသည်၊ပန်းခြံထဲမှခုံပေါ်တွင် ဦးလင်းမဏိနိုင်သည်သတင်းစာဖတ်လျက် သော်တာမဏိဝေအားထိုင်စောင့်နေသည်၊သော်တာခြံထဲဝင်လာသည်ကိုအသိနှင့်မတ်တပ်ထရပ်ကာ သတင်းစာကိုဘေးနားချလိုက်သည်။

"သော်တာ သမီးဘာတွေစားခဲ့"

"အကြော်တွေလွမ်းလို့ အကြော်သွားစားတာ ဖေဖေကဘာလုပ်နေတာ"

"အော်..သမီးအမေလေ ခြံထဲမှာရေလောင်းမယ်ဆိုပြီးဆင်းမလာသေးလို့"

"အမေမဟုတ်ပါဘူး မိထွေးပါ"

ဦးလင်းမဏိနိုင်၏သော်တာ့အပေါ်အကြည့်တွေမှာအခုထိနားမလည်သေးတာပဲဟုသက်ရောက်နေသည်။

သားသမီးတိုင်းကတော့ကိုယ့်မိဘအရင်းတွေနေရာမှာမည်သူကိုမှအစားမထိုးချင်။သော်တာလည်းအမေနဲ့ဘယ်လောက်အဆင်မပြေဖြစ်ပါစေ ဒေါ်ခေတ်စိုးမိုးမေအား သူ့အမေနေရာတွင်အစားမထိုးချင်ပေ။

သော်တာလည်း ခဏနေဘွားတော်ဆင်းလာတော့မည်ဆိုသည့်အသိနှင့် အဖေဖြစ်သူကိုအမြန်နှုတ်ဆက်ပြီး အပေါ်တက်လာလိုက်သည်။

တစ်အိမ်လုံးကိုကျွန်းများဖြင့်ပြုလုပ်ထားသောကြောင့်သဘာဝဆန်လွန်းလှ၏။သော်တာအခန်းရှိ အရာဝတ္ထုမှန်သမျှကိုလည်းကျွန်းတွေဖြင့်သာဖွဲ့စည်းထားသည်။

ပျင်းလာသောကြောင့် facebookထဲဝင်လိုက်သည်၊အိပ်ယာပေါ်၌မှောက်လျက်ခေါင်းအုံးပေါ်ဖုန်းတင်ထားသည်။

"သက်နှင်းကလည်း follower ကတစ်နေ့တခြားတိုးတိုးလာတာ အံ့သြစရာကြီး၊အော် သူနာမည်ချိန်းထားတာပဲ T တဲ့လား ဟင်..အဆန်းကြီး"

တစ်ခါပျင်းလည်းကျန်တာကြည့်ခြင်းမရှိသက်နှင်း၏အကောင့်လေးထဲသာဝင်ဝင်ကြည့်လေ့ရှိသည် ကြည့်ပြီးသားလည်းမရိုးနိုင်အောင်ကြည့်သည်။Facebookထဲလည်း သက်နှင်းပဲ Tiktok လည်းသက်နှင်းပဲ Instagram လည်းသက်နှင်းပဲ ဘယ်နေရာရောက်ရောက်သက်နှင်းဆီပဲဝင်ကြည့်တက်သောသော်တာ့အကျင့်မှာဖျောက်၍တောင်မရနိုင်ဖြစ်နေလေ၏။

မျက်စိညောင်းသွားမှသာလျှင်ဖုန်းကိုဘေးချပြီး ဘုရားစာရွတ်ကာအိပ်လိုက်သည်။

အသက်တည်ရာWhere stories live. Discover now