(၈)

514 21 0
                                    

Unicode [အပိုင်း-၈]

ကန်​တော်ကြီးကပြန်လာ​တော့ ​ည​နေ​စောင်း​နေပြီဖြစ်သည်။အိမ်သို့ပြန်​ရောက်​​သော် အဖွားကပြန်မ​ရောက်​​သေး အိမ်တံခါးဖွင့်ဝင်လာပြီးအခန်းထဲသို့သာ တည့်တည့်မတ်မတ်နှစ်​​ယောက်သားဝင်လာခဲ့သည်။အခန်းထဲသို့​ရောက်​သော်မှိတ်ထား​​သောမီးများကိုမဖွင့်ပဲ ​ဝေါလန့်ပ် (Wall lamp)ကိုသာဖွင့်ထားသဖြင့် လိ​မ္မော်​ရောင်အခန်း​လေးလိုဖြစ်​နေသည်။​သော်တာမဏိ​ဝေမှာ​တော့ ​ရေချိုးခန်းထဲဝင်ကာ အကျီလဲ၍ပြန်ထွက်လာသည်။ထို့​နောက် သက်နှင်းဝဒီလည်း ​ရေချိုးခန်းထဲဝင်ကာ
ညအိပ်အကျီ ပန်း​​ရောင်​လေးဖြင့်ပြန်၍ထွက်လာသည်။ထွက်လာ​တော့ ​သော်တာမဏိ​ဝေသည် အိပ်ယာ​ပေါ်တွင် လက်ပ့်​​တော့ပ်(Laptop)​ကို​ပေါင်​ပေါ်တင်ထား၍ ကီးဘုတ် (keyboard)​​​ပေါ်၌ လက်​ချောင်း​လေး​တွေမှာ​ရွေ့လျား​နေသည်။

"ဟဲ့ ဘာလုပ်​နေတာလည်း.."

သက်နှင်းဘက် လက်ပ်​တော့ပ်​လေးအားလှည့်ပြ၍..

"ဒီမှာကြည့် ငါဒါ​လေးလိုချင်​နေတာ"

သူပြသည်မှာ ကျူးလစ်ပန်းအစစ်ဖြစ်သည်။

"ဘာလုပ်ဖို့တုန်းဟ"

"ဟမ်..မသိဘူး လှလို့"

"ဒါ​တွေလည်းကြိုက်တာပဲလား အမကြီးက"

"ဟာ..လှလို့ပါဆို​နေ ဒါ​ပေမယ့် တစ်ပွင့်ကို တစ်​သောင်း​တောင်ဟ"

"ပို့ခ​ပါတာထင်တယ် တကယ်ဆို ငါ့အထင် ​​ခြောက်​​ထောင်​လောက်ပါပဲ"

"ရှားတာဆို​တော့ဖြစ်နိုင်ပါတယ် ပို့ခမပါဘူးတဲ့"

"နင်ဘာလုပ်ဖို့လိုချင်တာလည်း"

"ကျူးလစ်ရဲ့အဓိပ္ပါယ်က​လေးနက်​သောချစ်ခြင်းတဲ့"

"အဲ့ချစ်ခြင်းကဘာသုံးစားလို့ရမှာ"

"နင်ကရ​နေတာကိုဟ ငါက​လေ ​အိမ်​ထောင်မကျရဲဘူး"

​သော်တာအဲ့လို​ပြော​တော့ သက်နှင်းထရယ်သည်။

"နင်ရယ်..ဘာဖြစ်လို့တုန်းဟ"

"​​ငါ့မိဘ​တွေလိုမဖြစ်ချင်လို့ဟ"

အသက်တည်ရာWhere stories live. Discover now