Unicode [အပိုင်း-၂၁]
"ဟာ..သူကအဲ့လိုကြီးလုပ်သွားတာလား"
"အေးလေ ငါကစေတနာနဲ့ပြောပေးတာကို သူကိုက သူမှသူဖြစ်နေတာ"
"မင်းကလည်းသူမှသူလေ သူလည်းအဲ့လိုနေမှာပေါ့ ထားလိုက်တော့ ခုတော့ ငါလိုက်ပို့မယ်"
ပုဂံမြို့မှာဘယ်အရာကိုအနှစ်သက်သုံးလည်းဆိုရင်တော့ ညဘက်တွေသွားရတာကိုပါပဲ၊လွတ်လပ်မှုအပြည့်ရှိသလိုခံစားရတယ်၊ဘယ်သူမှမရှိဘူးလေ လက်ညိုးထိုးမလွဲဘုရားတွေရယ်၊အပင်ကြီးတွေရယ်၊မီးရောင်ဖျော့ဖျော့လေးတွေရယ်၊လေပြေနဲ့ကိုယ်ပဲရှိတာဘယ်လောက်ကောင်းလိုက်လည်း။
ဟိုတယ်ဝင်းထဲပြန်ရောက်တော့ မှောင်နေတဲ့ကောင်းကင်ကြီးနဲ့လျှောက်လမ်းတစ်လျှောက်မှိန်လင်းလင်းနေသည့် အဝါရောင်မီးတွေသာရှိသည်၊သူလည်းတစ်ခါတစ်လေ ကြိုက်ပေမယ့် အထီးကျန်ဆန်သလိုပါပဲ။
အခန်းထဲရောက်တော့ ကုတင်ပေါ်ပစ်လှဲလိုက်တော့မှသော်တာသတိရသွားသည်၊ဟိုတစ်ယောက်ဘယ်လောက်တောင်စိတ်တိုနေပြီလည်းမသိ၊သော်တာဖုန်းကိုအမိအရဖွင့်ကြည့်လိုက်တော့ စာလည်းမပို့ထား မီးလေးကတော့စိမ်းနေသည်၊ဘာပြောရမှန်းလည်းသော်တာမသိသောကြောင့် ဒီတိုင်း လိုင်းသုံးနေစဥ် သက်နှင်း share ထားသည့် ပို့စ်တစ်ခုကိုတွေ့လိုက်သည်။သာမန်မဟုတ် စာတစ်ကြောင်းကိုပါ သူရေးထားသေးသည် "You should listen" မင်းနားထောင်သင့်သည်ဆိုတာပင်။
Sza နဲ့ Travis တို့ဆိုထားသည့် open arms ဖြစ်သည်၊သော်တာလည်း နားထောင်ဘူးသော်လည်းသေချာမရင်းနီး မြန်မာဘာသာပြန်ပါထည့်ထားတာကြောင့် သော်တာလည်းစိတ်ဝင်စားပြီး နားထောင်လိုက်သည်၊အရင်ဆုံး air pot ကိုတပ်လိုက်သည်၊စာသားတွေကိုတစ်ကြောင်းခြင်းစီအာရုံတစ်စိုက်လိုက်ဖတ်သည်။
သော်တာနားထောင်ရင်းစာသားတွေမှာသူနားလည်လာသည်၊အခုသူ့အနားကလူကသူ့ကိုဂရုမစိုက်ဘူးပေါ့ အရင်လူနဲ့ပြန်နေချင်တယ်ဆိုတဲ့သဘောကြီးဖြစ်သည့်အတွက်သော်တာသဘောတော့မတွေ့ ဘာလို့သက်နှင်းဒီလိုshare တာလည်းပေါ့ သူလည်းရှုပ်ထွေးမှုကိုသဘောမကျသည့်အတွက်ချက်ချင်းပင် မီးစိမ်းနေသော အကောင့်လေးသို့ စာပို့မည်လုပ်တုန်း ရှုပ်ပါတယ်လေဆိုပြီးဖုန်းသာဆက်လိုက်သည်။