Unicode [အပိုင်း-၃၄]
မနက်၂နာရီလောက်တွင်သက်နှင်းနိုးလာသည်၊မျက်လုံးဖွင့်ဖွင့်ခြင်း နားကျပ်ကိုတပ်ပြီးမျက်လုံးမှိတ်ထားသော သော်တာကိုသူတွေ့လိုက်သည်၊စားပွဲပေါ်တွင်အိပ်ပျော်နေသော်လည်း သော်တာရဲ့ ခေါင်းအုံးအကျိုးကျေးဇူးလေးကြောင့်မနာပင်။သော်တာ အိပ်နေလားဟုအသိနှင့်မျက်စိရှေ့တွင် လက်ကိုဖြေးဖြေးလေးဖြတ်ကြည့်လိုက်သည်။
"နိုးနေတာလား အသက်"
စကားသံအရင်ထွက်လာပြီး မျက်လုံးဖွင့်လိုက်သော သော်တာ။
"အခုမှနိုးတာ နင်မအိပ်ဘူးလား"
"အိပ်မပျော်လို့ပါ အေးလို့နိုးလာတာလား"
"ငါအိမ်မပြန်ရသေးဘူးလေ"
"အသက်အတွက်အင်္ကျီအပိုရှိတယ်၊သွားတိုက်တံတွေလည်း ဗီရိုထဲမှာအပိုတွေရှိတယ် ဆက်အိပ်လေစာမေးပွဲအခန်းထဲအိပ်ငိုက်နေမယ် နာနေရင် ကုတင်ပေါ်သွားလေ"
"အင်း"
သူခုပေးထားတဲ့ ခေါင်းအုံးကိုယူလိုက်ပြီး ထလိုက်တယ်၊ကုတင်ပေါ်မသွားခင် သူ့လက်ကောက်ဝတ်ကိုအရင်ကိုင်လိုက်တယ်၊အိမ်ရှင်က ကုတင်ပေါ်မအိပ်ပဲစားပွဲမှာအိပ်လို့ဘယ်ကောင်းပါ့မလည်း။အရင်ကလည်း အတူတူအိပ်ဘူးနေကြဖြစ်တာကြောင့် အခုလည်းအရင်ကလိုပဲနေမှာပါ။
"နင်ပါလိုက်အိပ်လေ"
"ဟင်"
"လာပါ"
အတင်းဆွဲခေါ်နေတဲ့ အသက်ကြောင့်ကိုယ့်မှာလည်းဘယ်လိုနေရမှန်းမသိ။သူကအရင်ကုတင်ပေါ်ပြေးတက်ပြီးစောင်ထဲကိုသူကပဲအရင်ဝင်သွားသည်။ကိုယ်ကတော့ ကုတင်ပေါ်အရင်ထိုင်ပြီးဘေးနားကစားပွဲပေါ်တင်ထားတဲ့ရေဘူးကိုဖောက်ပြီးရေအရင်သောက်ပြီးမှဝင်လိုက်သည်၊ပက်လက်အနေအထားဖြင့်သာနေနေပြီး အပြင်ဘက်ကိုသာလှမ်းကြည့်နေမိသည်၊ပြတင်းပေါက်မှန်တွေမှာလည်မြူတွေဖြင့်ဖုံးလွမ်းနေပြီး ရေငွေ့တစ်ချို့ဖြင့်။ပြတင်းပေါက်ကိုကြည့်နေစဥ် ကိုယ့်လည်ပင်းကိုဖက်တွယ်လာတဲ့လက်တစ်စုံ။