[Unicode] အပိုင်း(၆)
"သက်နှင်း သက်နှင်းနဲ့လေ သူကျောင်းကပြန်လာတိုင်းပြောပြတယ်၊ဖွားလည်းစိတ်ဝင်စားသွားတာပေါ့၊သူကငယ်ငယ်ကတည်းက သူ့ခံစားချက်တွေကိုဖုံးကွယ်ထားတက်တယ်လေ၊မေးမှဖြေတာမျိူးပေါ့..ဖွားကသူ့ကိုတစ်ခါတစ်လေမမေးဘူး အဲ့ကြရင်သူက ဘာမှလည်းမပြောဘူး၊သူ အစိုးရကျောင်းကို ၇တန်းအထိတက်တယ်လေသမီးလည်းသိမှာပဲ သူစာတော်တယ် အမြဲတမ်းအဆင့်ဝင်တယ်လေ၊ခုသူဒီကိုယ်ပိုင်ကျောင်းရောက်လာတော့သူဆိုးလာတယ်လေ..တကယ်တော့ သူ့အဖေရဲ့နောက်မိန်းမကခုဒီကျောင်းမှာဒုကျောင်းအုပ်ပဲလေ အဲ့တော့သူဆိုးရင် ဟိုတစ်ယောက်လည်း နာမည်ပျက်မယ်ပေါ့ သူက ရင့်ကျက်နေသလိုနဲ့ကလေးအတွေးလေးတွေးလိုက်တာပဲ ဖွားပြောလည်းသူမရ သမီးနဲ့တွေ့မှသူပြောင်းလဲသွားတာ၊ပြီးတော့ သူကဖွားကိုမမေးဘဲလူတစ်ယောက်အကြောင်းကိုပြောတာလည်းဒါပထမဆုံးမို့လို့ ဖွားက အံ့သြနေတာ"
သော်တာ ဆိုးတာဒါကြောင့်ကို..လူတွေကဒီနောက်ကအကြောင်းအရာတွေကိုမသိပဲ သော်တာ့ကိုအမြင်မကြည်နေကြတာပဲ..။
"ဖွားရေ..သမီးဗိုက်ဆာတယ်"
"အော် ဆင်းလာပြီလား'
"အေးလို့ ခဏပဲချိုးလိုက်တာ"
ခေါင်းသုတ်ပဝါကိုခေါင်းပေါ်တင်ထားပြီး အောက်သို့ဆင်းလာတဲ့ သော်တာ။Bob cut မို့လို့ ရေဆိုနေလည်းလှတော့လှသည်။
"သမီးလာဦး ဖွားလေ ခြံသွားကြည့်မလို့ အဲ့တာ သက်နှင်းလေးကိုအခန်းတွေလိုက်ပြလိုက်ဦးနော် ဖွားသွားပြီ"
"ဟုတ်.."
"သမီး အဲ့တာဆို အဖွားသွားပြီနော်"
"ဟုတ်ကဲ့"
အဖွားက သက်နှင်းကိုနှုတ်ဆက်ပြီး ကားပေါ်သို့တက်သွားသည်၊နောက် ကားအနက်ရောင်လေးမှာခြံထဲမှထွက်ခွာသွားသည်။
"သက်နှင်းဝဒီ ခေါက်ဆွဲပြုတ်စားမလား"
"တော်ပါပြီ နင်ဗိုက်ဆာတယ်ဆို"