Unicode [အပိုင်း-၁၁]
ကြမ်းပြင်တွင်ညကတည်းကအိပ်ပျော်သွားသော သော်တာမဏိဝေတစ်ယောက် အေးလွန်း၍ရင်ဘတ်တွေပင်နာနေလေသည်။
"အမလေး နာလိုက်တာ"
ငြီးငြူသံလေးဖြင့်ထလာကာ ရေချိုးခန်းထဲဝင်လိုက်ပြီးရေချိုးလိုက်သည်၊ကျောင်းသွားဖို့ အစီအစဥ်မရှိတာမို့လို့ အိမ်မှာအခန်းတွင်းအောင်းဖို့သာစီစဥ်သည်။မည်သူနှင့်မှလည်းစကားမပြောချင် ရင်ဖွင့်တက်သည့်အကျင့်လည်းမရှိတာမို့လို့ တစ်ယောက်တည်းသာခံစားရဦးမည်၊မနက်စာတော့ငတ်လို့မရပင် Mini fridge ထဲမှ နွားနို့တစ်ဗူးနှင့်အပေါ်မှတင်ထားသော ပေါင်မုန့်ခြင်းလေးထဲမှ ချော့ကလက်ယိုနှင့်ဂွတ်မောနင်းပေါင်မုန့်တစ်ထုပ်ယူကာ အိပ်ယာပေါ်သို့..။ဖေဖေနှင့်ငယ်ငယ်တုန်းက အိပ်ယာပေါ်တွင်မုန့်တူတူစားခဲ့သည့်အချိန်တွေကိုလည်းသတိရသည် ခုတော့သူ့နောက်အမျိုးသမီးနဲ့အဆင်ပြေနေရောပေါ့။
"ဟူးး ဒီနေ့ဘာတွေလုပ်ရမလည်း၊ငါဒီလိုရှောင်နေတာအရမ်းသိသာသွားလားမသိဘူး။မသိသာလောက်ပါဘူးနော်.."
ဖွားတို့နဲ့လည်း ၄လလောက်နေမယ်ဆိုပြီး ၁၀ရက်လောက်သာနေဖြစ်သွားသည်ကျောင်းပြန်ဖွင့်တာနှင့်ပြန်မလာလိုက်သောကြောင့်ဖြစ်သည်။ဖွားက သူအပန်းဖြေဖို့လာတာပါပဲ တွေ့လည်းခဏဖြစ်သည်။ဖွား ခုဆိုနိုးလောက်ပြီအထင်နှင့်ဖုန်းဆက်လိုက်သည်။
"ဟယ်လို..ဖွား နိုးပြီလား"
"အေး နိုးပြီပေါ့..ဒါနဲ့ကျောင်းမသွားဘူးလား"
"ဟုတ်တယ် မသွားချင်လို့"
"သမီးပဲပြောတော့ ဖွားကိုအပေးအယူလုပ်ထားတာလေ မေ့နေသလား"
"ဖွားရယ် ရချင်မှလည်းရတော့မှာ"
"ဟယ် အဖွားကရယ်ချင်တာပေါ့ အမလေးဟယ်"
ဖွားကရယ်ချင်တော့သူလည်း ရယ်ချင်မိသည်။
"တကယ်ပြောနေတာ ပျင်းလာပြီစာလည်းမလုပ်ချင်ဘူး"
"သမီးအခု G-9 မလား"
"ဟုတ်တယ်"
"သမီးရဲ့အိမ်မက်ကဘာလည်း သမီးသိပြီလား"