Unicode [အပိုင်း-၉]
"တစ်ညလုံးဆေးလည်းမထည့်ထားပဲ ဘယ်လိုတွေတောင်နေနိုင်ရလည်း သော်တာရယ်.."
"မထည့်ချင်လို့"
"နင်အရိုက်ခံထားရတယ်မလား"
သော်တာငြိမ်သွားသည် သူမသိစေချင်ဘူးနှင့်တူသည်..ဖြစ်နိုင်ပါသည်။
"ဘာပဲဖြစ်ဖြစ် နင်ဂရုစိုက်သင့်တယ်လေ..နင်နေနိုင်မှန်းငါသိပါတယ် ဒါပေမယ့်ဟယ် နင်တစ်ခုခုအဆိုးဆုံးဖြစ်သွားရင် ဘယ်လိုလုပ်မလည်းဟင်..နင်တွေးကြည့်လေဟာ"
ပြတင်းပေါက်အပြင်ဘက်သို့သာ သူကြည့်နေသည်..သူ့လက်ဖဝါးအေးအေးလေးတွေကိုကိုင်ကာတစ်မျှင်ခြင်းကျနေသော ဆံမျှင်များအောက်မှ နက်မှောင်လှသောမျက်ဝန်းလေးအားသေချာ
ကြည့်၍.."နင်နာရင် ငါနာရသလိုပဲသိလား..အဲ့တာကြောင့်ဂရုစိုက်ပါနော်.."
သော်တာ့မျက်ဝန်းထဲတွင် မျက်ရည်တွေပြည့်လုနေသည်..၊ကလေးရယ် ဒဏ်ရာတွေကို ဖုံးပြီးပြုံးနိုင်သေးတာလားကွယ်..နာကျင်နေရင်လည်း ငိုချလိုက်ပါလား..။
"အဆင်မပြေရင်လည်း အဖွားအိမ်သွားနေပါလား"
"ရပါတယ် ငါပြေပါတယ် ဒီရက်ပိုင်းအတွင်းတော့ ငါကျောင်းမလာနိုင်ဘူး"
"အွန်းပါ နားနေနော်..စိတ်ညစ်ရင် အိမ်မှာမနေနဲ့ ငါ့အိမ်လာနေသိလား ငါစာလည်းကူးပေးမယ်နော်"
"နင်ငါ့အတွက်အလုပ်တွေရှုပ်နေမှာပဲနော်"
"ရှုပ်တာပေါ့ဟ ဒါကြောင့် နင့်ကိုယ်နင်ဂရုစိုက်ရမယ်နားလည်လား"
ခေါင်းညှိမ့်ပြသော သော်တာကိုသက်နှင်းမှ ခေါင်းပေါ်သို့လက်လေးတင်ကာ ဖွဖွလေးပုပ်ပေးသည်။
"နင်အဆင်မပြေရင် ဖွားအိမ်နေလည်းရတာပဲလေ"
"ဖွား အိမ်မှာက ငါအားနာတယ်၊ဖွားကငါ့ကိုဒုက္ခတွေကြားကလွတ်အောင်ကူပေးတာသက်သက်ပဲ"
"မဟုတ်ပါဘူး မြေးတစ်ယောက်တည်းရှိတာတွေ့ချင်လို့ပေါ့"