Unicode [ အပိုင်း - ၁၆]
ဘေးဘီကိုဝဲကြည့်လိုက်တော့ လူရှင်းနေသေးသည်၊အနွေးထည်ထူထူဝတ်လာခဲ့လို့လည်းတော်သေး၏။စာတွေလည်းအကုန်လုံးနီးပါးရပြီမို့လို့အဆင်ပြေနေသည်။ဖွားသင်ပေးထားတဲ့အတိုင်းဟိုတယ်စာရင်းတွေကိုလည်း ကူနိုင်သလောက်ကူပြီး အခုတော့နားထားသည် စာမေးပွဲဖြေခံနီးအချိန်ဖြစ်သောကြောင့်သာပင်။
ရှစ်မိနစ်လောက်နေတော့ အနောက်ဘေးမှ ပန်းကန်များနှင့်အတူဆိုင်ရှင်အမကြီးပြန်ထွက်လာသည်။
"ရပါပြီရှင်.."
"မွှေးနေတာပဲ မစားရတာတောင်ကြာပြီ"
"ညီမလေးကိုတောင်အမမျှော်နေတာ မလာတာကြာပြီနော်"
"ဟုတ်တယ်"
"စားနော် အေးဆေး အမသွားလိုက်ဦးမယ်"
"ဟုတ်"
အရသာမှာမစားရတာကြာတော့ တော်တော်ကောင်းလာသည်၊ဗိုက်ဆာနေလို့လားတော့မသိ ထမင်းကိုဇွန်းဖြင့်တစ်ဇွန်းထည့်လိုက် မာလာရှမ်းကောတွေကို တူဖြင့်စားလိုက်နှင့်မြိန်ရှက်စွာသော်တာစားသုံးနေလေသည်။
_____________
ကျောင်းသူများမှာ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်စာအုပ်များတစ်ကိုင်ကိုင်နှင့် ကျောင်းခန်းများအရှေ့တွင်စည်ကားစွာတည်ရှိနေသည်၊သော်တာကတော့ စာမေးပွဲဖြေခါနီးစာအုပ်ကိုပြန်ဖတ်လေ့မရှိ ဖတ်လိုက်တာနှင့်ကျက်ထားသမျှအကုန်အလကားဖြစ်ကုန်လိမ့်မည်။သက်နှင်းအားလိုက်ရှာနေသော်လည်း မတွေ့သေး စာလုပ်နေသေးလို့နောက်ကျနေသည့်အထင်နှင့် ဂိတ်အပေါက်ဝတွင်သွားစောင့်နေတော့ ကားပေါ်မှအသည်းသန်ပြေးဆင်းလာပြီး သော်တာဆီသို့ပြေးလာသည်။
"အမလေး မောလိုက်တာ"
"ဖြေးဖြေးလုပ်ပါ အသက်ရဲ့"
"ဟီးဟီး ညကစာလုပ်တာနောက်ကျသွားတော့ မနက်နိုးတာလည်းနောက်ကျသွားတာ"
"ဘယ်အချိန်ထိတောင်တုန်း နေမကောင်းဖြစ်ဦးမယ်"
"မဖြစ်ပါဘူး စာရပြီလား"